တချို့အပိုင်းတွေမှာလိုအပ်ချက်ရှိနေတယ်လို့ထင်မိတဲ့အတွက် ပြန်ပြီး editလုပ်ထားပါတယ်နော်🌸💙။
Unicode......and....... Zawgyi
ထိုင်ခုံကိုကျောမှီကာ မထုံတတ်တေးပုံစံနဲ့ထိုင်နေရင်း ဘောပင်ကိုကစားနေသည့်ကောင်မလေးကိုကြောင့် အုံကြွနေတဲ့ဒေါသတွေကိုမနည်းဖြေသိမ့်နေရသည်။
''သဲသဲ ဒီလိုလုပ်နေရင် အစ်မလည်းအဆင်မပြေဘူးနော် ဆယ်တန်းကို ဒီလိုပေါ့ပေါ့လေးလုပ်လို့မရဘူး''
''သဲသဲမှ မကျက်နိုင်တာ''
''မြတ်သည်းသံသာ မကျက်နိုင်ဘူးဆိုပြီး အစ်မကိုအကြောင်းပြချက်မပေးနဲ့
ဒီအပုဒ်လေး ငါးပုဒ်ကိုဘယ်နှရက်ရှိပြီလဲ
သဲသဲ အဲဒီလောက်မညံ့တာ အစ်မသိပြီးသား''''ဟွန်း ကျက်လည်းရမှမရတာ''
''မနက်ဖြန်ညနေ အစ်မလာတဲ့အခါ ဒီchapterတစ်ခုလုံး အလွတ်ပြန်ခိုင်းမယ်
မပြန်နိုင်ဘူးဆိုရင် ဒီတစ်ပတ်စနေနေ့
ကောင်လေးနဲ့ ဒိတ်လို့မရအောင် မနက်ခင်းတစ်လျှောက်လုံးအချိန်ပိုဝင်မယ်လို့ မင်းမာမီကိုပြောရလိမ့်မယ်''မထီလေးစားပုံစံလေးနဲ့ ပြန်မပြောနားမထောင်လုပ်နေသော ကလေးမကို '' မြ '' မျက်မှောင်ကြုတ်ကြည့်လိုက်သည်။မကျက်နိုင်တာမဟုတ်ဘဲ သက်သက်မဲ့ စာမကျက်တာဖြစ်သည်။
ချမ်းသာသောမိသားစုမှတစ်ဦးတည်းသောသမီးပီပီအလိုလိုက်အချစ်ခံလေးမို့လို့
ဘယ်သူ့မှလူမထင်သောကောင်မလေးဖြစ်သည်။
အလိုလိုက်အချစ်ခံရသူပီပီ သူ့အိမ်က ရည်းစားထားတဲ့ကိစ္စမှာတော့တော်တော်ကြပ်မှန်းသိတာမို့ကောင်လေးထားတဲ့ကိစ္စနဲ့
အကြပ်ကိုင်ကာစာလုပ်ခိုင်းနေရသည်။ပြောစရာရှိတာပြောပြီးတော့ စာသင်ချိန်တစ်နာရီခွဲပြည့်သွားပြီမို့ ကိုယ့်အိတ်ကိုကောက်လွယ်ကာ အိမ်ပြန်ခဲ့လိုက်သည်။
ဂိုက်ဆရာမ တော်တော် များများလက်ရှောင်ကြသော ဒီကလေးမဆီမှာ မြတစ်ဦးတည်းသာ အချိန်အကြာဆုံးသော ဂိုက်ဆရာမဖြစ်သည်။
ဘာလို့ မြဲသလဲဆို လခကောင်းတာကြောင့်မို့လို့ပင်။
သုညငါးလုံးအထက်မှာရှိတဲ့တစ်လစာအတွက် မြဘက်ကနေ အစစအရာရာသည်းခံပြီးကြိုးစားသင်ပေးခဲ့တာ ငါးလပင်ကျော်လာပြီဖြစ်သည်။
YOU ARE READING
ရင်မှာ ဝှက်၍ ပျိုးခဲ့ပါသော.....
Romanceခန့်မှူးဇေယျာ မြပိတောက်ကြည်သာ Unicode & Zawgyi....💙 (picture from pinterest Credit to owner 💙)