အပိုင်း (၁၆)

3.2K 213 57
                                    

Unicode.....

တစ်နှစ်ပတ်လုံး ကြိုးစားလာလိုက်ကြတာ
နောက်ဆုံးစာမေးပွဲကြီးကိုပင်ရောက်လာခဲ့တော့သည်။
ကံဆိုးစွာနှင့် မြတို့စာမေးပွဲရယ် ကလေးတွေစာမေးပွဲရယ်က လာတိုက်နေသည်။
မြကိုယ်တိုင်လည်းစာလုပ် ကလေးတွေကိုလည်း
စာကူလုပ်ပေးရင်း စိတ်ရောလူရောပင်ပန်းတာကတော့ ချုံးချုံးကျမတတ်ပင်ဖြစ်သည်။

တစ်နေ့တစ်နေ့ မနက်သွားဖြေခါနီးရင်
ဘုရားစာတွေသင်ပေးလိုက် စိတ်အေးအေးနဲ့ဖြေဖို့မှာလိုက်နဲ့ သူတို့ရော ကိုယ်တိုင်ရော
စိတ်လှုပ်ရှားရသည်။
သူတို့ဖြေပြီးပြန်လာရင်လည်း မိဘတွေနဲ့အပြိုင်
မျက်နှာလေးတွေကြည့်ပြီး ဖြေနိုင်လားဆိုပြီး မေးရမြန်းရ။
ဒီနေ့တော့ နောက်ဆုံးပိတ်အိတ်နဲ့လွယ်ဖြေခဲ့ဖို့မှာလိုက်တာပဲ။
မြကိုယ်တိုင်ကတော့ စာမေးပွဲပြီးနှင့်ပြီမို့ မျက်ရည်လေးစမ်းစမ်း စမ်းစမ်းနဲ့ ပစ္စည်းတွေသိမ်းနေမိသည်။
လူကြီးနဲ့ ခွဲပြီး အိမ်ပြန်ရတော့မှာမို့ လူက အိမ်ပြန်ရမှာတောင် ဆန့်ငင်ဆန့်ငင်ဖြစ်နေသည်။တကယ်ဆို တစ်လလောက်နားပြီးတာနဲ့ စာသင်ဝိုင်းတွေကပြန်စမှာမို့ ခဏပဲ အိမ်ပြန်ရမှာကို
ဘာလို့မှန်းမသိ ဝမ်းနည်းနေမိသည်။

ပစ္စည်းတွေသိမ်းရင်း ဟိုတွေးဒီတွေးလုပ်နေတုန်း
ကလေးတွေအသံကြားတာမို့ နာရီလှမ်းကြည့်တော့ ဆယ့်နှစ်နာရီပင်ကျော်နေလေပြီ။
အောက်ထပ်အမြန်ဆင်းလာတော့မှ
လူကြိုတဲ့မိဘတွေရော ကလေးတွေရောက သူ့ဟာနဲ့သူ ပြောကြဆိုကြနဲ့ အလုပ်ရှုပ်နေသည်။

''တီချယ် သမီးတို့ ဒီနေ့လည်းဖြေနိုင်တယ်
ကျက်ထားတာတွေလည်းတိုးတယ် ပြီးတော့ ပုံလည်းသေချာဆွဲခဲ့တယ်''

''အေး ကောင်းတာပေါ့
သေချာရောပြန်စစ်ခဲ့လား
တစ်မှတ်တန်တွေရော ရတယ်မလား''

''ဖြေတော့ဖြေခဲ့တာပဲ တီချယ်
တစ်ဝက်လောက်တော့မှန်မှာပါ ''

''ဟုတ်ပါပြီ ဟုတ်ပါပြီ''

အိမ်လွမ်းနေကြတဲ့ကလေးတွေကတော့
ပစ္စည်းတွေကိုတန်းသိမ်းကာ လာကြိုတဲ့မိဘတွေနဲ့အတူ ဆရာကြီးတို့ကိုနှုတ်ဆက်ရင်း ပြန်သွားကြတော့သည်။
ညနေခင်းထိ မပြန်နိုင်ဖြစ်နေတာကတော့
မြပိတောက်ကြည်သာပေါ့။
အဆောင်ကိုသန့်ရှင်းရေးကူလုပ်ပေးရင်း
အပြင်က ပြန်မလာသေးတဲ့လူကြီးကိုနှုတ်ဆက်ချင်လို့ ပေကပ်နေနေရတာပါ။

ရင်မှာ ဝှက်၍ ပျိုးခဲ့ပါသော.....Where stories live. Discover now