အပိုင်း ( ၃၆ )

5.9K 264 42
                                    

Unicode.....

ပေါ်တော်မူလေး လာပါပြီ 👉👈


''ဧကရာဇ်ပန်းတွေကို မကျစ်တတ်ကျစ်တတ်နဲ့
ကျစ်လိုက် ပြေသွားလိုက်ဖြစ်နေတုန်း ခြေထောက်နားကိုတခုခုလာတိုးလို့ ကြည့်လိုက်တော့ ခွေးပေါက်လေးတွေဖြစ်နေသည်။

နားရွက်ကုပ်ကုပ်လေးတွေနဲ့ ခွေးပေါက်လေးတွေဟာ
အဖြူနဲ့အညိုစပ်ကြားက နှစ်ကောင် တစ်ကိုယ်လုံးအညိုရောင်က တစ်ကောင်  ဖြူဆွတ်နေတာကတစ်ကောင်....ပေါင်းလေးကောင်။

''လာလာ မမဆီကိုလာ
ချီဦးမယ်နော် ''

''အို့ အို့ တကယ့်ကိုပိစိလေးတွေပဲ
ချစ်စရာလေး ချစ်စရာလေး
အူယားလိုက်တာ''

''ကွိ ကွိ ကွိ ကွိ....ကွိကွိ ကွိကွိ
အွန်း အွန်း ကျေနပ်နေတာကြည့်စမ်း..''

''ဂီး...ဝုတ် ဝုတ်...''

''ဟင် ''

ခွေးပေါက်လေးတွေကို အသံပေါင်းစုံအော်ပြရင်း တစ်ကောင်တစ်လှည့်စီချီကာ
စလိုက်နောက်လိုက်လုပ်နေမိတာ သူတို့အမေ
ခွေးမကြီးရောက်လာတာမသိလိုက်.....။
နဂိုကတည်းက ခွေးမကြောက်တတ်တဲ့အထဲပါတာမို့
သူ့အမေခွေးမကြီးကို ရှုတည်တည်ပဲ ပြန်ကြည့်နေလိုက်သည်။

''နင့် ကလေးတွေကို ချစ်လို့စတာ
ဘယ်မှလည်း မခေါ်သွားပါဘူးနော်
စိတ်ဆိုးမနေနဲ့''

''ဂီး ဝုတ် ဝုတ်''

''ဟဲ့ မဟောင်နဲ့လေ
ဘာလို့တအားရန်လိုနေတာလဲ''

ခွေးမကြီးကြည့်ရတာ စိတ်ဆိုးနေတဲ့ပုံပေါ်တာမို့
သူတို့နားဆက်မနေတော့ဘဲ ဧကရာဇ်ပန်းတွေကို
ကလေးတွေပိုက်သလို လက်နှစ်ဖက်နဲ့ပိုက်ကာ
ဆီဆိုင်ဘက်ကို ပြန်သွားရန်ပြင်လိုက်သည်။

''ဂီး ဂီး ...''

''အာ့ မေမေရေးးးး''

ကိုယ့်ဟာကိုယ် ထသွားတာကို နောက်ကခွေးမကြီးက
ရုတ်တရက်ကြီးထဆွဲတော့ မြမှာ ကြောင်ပြီးဖင်ထိုင်ရက်လဲသွားမိသည်။
ခွေးမကြီးက တဂီးဂီးနဲ့ လှမ်းဟပ်နေတာမို့ ကြောက်အားလန့်အားနဲ့ ကုန်းရုန်းထလိုက်ပေမဲ့ လူက အခုမှကြောက်ပြီးတုန်နေတာမို့ ထင်သလောက် အားမရှိတော့ပေ။

ရင်မှာ ဝှက်၍ ပျိုးခဲ့ပါသော.....Where stories live. Discover now