အပိုင်း (၈)

3K 191 27
                                    

Unicode........

''ထမင်းစားခန်းကြီးသည် တိတ်ဆိတ်နေလွန်းတာမို့
မြသည် ဟင်းထပ်ထည့်ချင်တာတောင် မထည့်ရဲဘဲ
အဖေ့ကိုခိုးကြည့်မိသည်။အမေသည်တော့ ဘွားဘွားရဲ့ဘေးမှာထိုင်နေကာ ဘွားဘွားထဲကိုဟင်းတွေထည့်ပေးရင်း တိတ်ဆိတ်စွာစားနေသည်။
နေရခက်လွန်းသည့် အခြေအနေကြီးကြောင့် စိတ်မသက်မသာဖြစ်ကာ ဆက်တောင်မစားချင်တော့ပေ။

ထမင်းစားပြီးတာနဲ့ အမေနှင့်အဖေသည်
ဘွားဘွားနဲ့အတူ ဘိုးဘိုးအခန်းထဲသို့လိုက်သွားကာ
မြကိုတော့ နားနှင့်တော့ဟုဆိုကာ ပထုတ်လာသည်။
လူကြီးတွေစကားဝိုင်းထဲလည်းဝင်မပါချင်တာမို့
ကိုယ့်အခန်းဆီကိုသာပြန်လာရင်း စာဆက်စစ်နေမိသည်။
လူကြီးပေးတဲ့အားအင်တွေနဲ့မို့ စာတွေအကုန်စစ်ပြီးသွားချိန်မှာ ညဆယ့်တစ်နာရီပင်ခွဲနေပြီဖြစ်သည်။
အမေတို့ရောအခန်းထဲပြန်ရောက်ပြီလားလို့တွေးမိရင်း အမေ့ဆီဖုန်းဆက်ကြည့်တော့ ဖုန်းမကိုင်။
ရေဘူးထဲမှာလည်း ရေကုန်နေပြီမို့ အောက်ထပ်ကို
ရေယူရင်း အမေတို့အခန်းဆီဝင်ကြည့်လိုက်တော့လည်း မရှိ။

အပေါ်ထပ်ပြန်တက်မယ်လုပ်တော့ အိမ်ရှေ့ကားရပ်လိုက်တဲ့အသံကြားတာမို့ ဘညရယ်မဟုတ် လှမ်းကြည့်လိုက်တော့ ယောကျ်ားလေးတစ်ယောက်ရဲ့ကားပေါ်ကနေဆင်းလာတဲ့ မြသရဖီချစ်ကိုတွေ့လိုက်ရသည်။

''မြပိတောက်ကြည်သာ''

ကိုယ့်ကိစ္စလည်းမဟုတ်တာမို့ ဆက်ကြည့်မနေတော့ဘဲ အပေါ်ထပ်ပြန်တက်မယ်လုပ်တော့ အနောက်ကနေ မြသရဖီချစ်ရဲ့ခေါ်သံကိုကြားလိုက်ရသည်။

''ဟုတ် ပြောပါ''

''သြော် ဘာမှမဟုတ်ပါဘူး
အခုချိန်ထိမအိပ်သေးဘူးလားလို့လေ''

''အိပ်တော့မှာပါ ရေကုန်သွားလို့ရေဘူးလာဖြည့်တာ''

''အင်း တစ်ခုခုလိုရင် ပြောနော်
ဧည့်သည်ကို ဧည့်ဝတ်မကျေသလိုဖြစ်မှာစိုးလို့''

''ဟုတ်ကဲ့''

မြသရဖီချစ်သည် ရေဘူးလေးကိုင်ကာ အပေါ်ထပ်ဆီသို့ပြန်တက်သွားသော မြပိတောက်ကြည်သာကိုကြည့်ရင်း ဒယ်ဒီ့ပြောစကားတွေကိုပြန်ကြားလာမိသည်။

ရင်မှာ ဝှက်၍ ပျိုးခဲ့ပါသော.....Where stories live. Discover now