အပိုင်း (၁၃)

3.3K 225 63
                                    

Note......🌸

ဒီအပိုင်းမှာ ရိုးရာပွဲတော်တစ်ခုအကြောင်းကို
အစ်မထည့်ထားပါတယ်။
သေချာလေ့လာပြီးထည့်ထားပေမဲ့လို့
အမှားတစ်စုံတစ်ရာများရှိနေခဲ့ရင်
နားလည်ပေးပါ ထောက်ပြပေးပါလို့
မေတ္တာရပ်ခံပါတယ်ရှင်။

ရိုးရာပွဲတော်အကြောင်းရေးထားတဲ့နေရာမှာ
စိတ်ဝင်စားဖွယ်ကောင်းအောင် အတတ်နိုင်ဆုံးရေးထားပေမဲ့ အနည်းငယ်ပျင်းဖို့ကောင်းနေရင်
သည်းခံပြီးဖတ်ပေးကြဖို့လည်း ပြောချင်ပါတယ်ရှင်။

အခုနောက်ပိုင်း ရိုးရာပွဲတော်တွေကျင်းပချိန်
ခေတ်နဲ့အညီဆန်းသစ်တာမျိုးတွေ
လုပ်လာကြတဲ့အခါ
မူလအဓိပ္ပါယ်အနှစ်သာရတွေပျောက်ကွယ်လာတာကို မြင်တွေ့လာရတော့ အစ်မအနေနဲ့
ရိုးရာပွဲတော်အကြောင်းကို ထည့်ရေးဖို့
စိတ်ကူးရလိုက်လို့ပါ.....

မျှော်နေပေးတဲ့ကလေးတွေကို ကျေးဇူးအများကြီး အများကြီးတင်ပါတယ်ရှင်....🥺❤️။

ကြိုက်နှစ်သက်မယ်လို့လည်း မျှော်လင့်လျက်💙

ဒါဆို စဖတ်လိုက်ကြရအောင်နော်......။
.
.
.
.
.
.
.

''တောင်းပန်ပါတယ် ''

''ရတယ် ''

''ဟင့်အင်း တောင်းပန်ပါတယ် ''

''မတောင်းပန်နဲ့''

''ဟင့်အင်း မြ တောင်းပန်ပါတယ်''

''မင်းကို မတောင်းပန်နဲ့လို့ ငါပြောနေတယ်လေ
မြပိတောက်ကြည်သာ''

လူကြီးရဲ့ အော်သံကြောင့် မြမှာ ရှိုက်သံထွက်ဖို့တောင်မရဲသည်အထိ ငြိမ်ကျသွားရသည်။
အခုအခြေအနေမှာ ဒီစကားကလွဲပြီး
ဘာမှပြောမထွက်နိုင်ဘူး လူကြီး။
လူကြီးကို ထပ်ပြီးထိခိုက်စေမိမှာစိုးလို့
တောင်းပန်တိုးလျှိုးရုံကလွဲပြီး ဘာမှထပ်မလုပ်ရဲဘူး ။

''ပြန်မယ်
ဒီကိစ္စတွေကို မမမြတ်တို့မသိပါစေနဲ့''

မင်းတို့တစ်မျိုးလုံးက တစ်ပုံစံတည်းပဲ
မြပိတောက်ကြည်သာ။
မင်းက သူတို့နဲ့မတူဘူးဆိုတာ သိပေမဲ့လို့
မင်းကလည်း ပတ်သတ်ဆက်နွယ်လို့မကောင်းတဲ့
မိန်းကလေးတစ်ယောက်ပဲ။
ငါ့မာနကို ပုတ်ခတ်စော်ကားတဲ့နေရာမှာ
မင်းတို့တွေက လုံးဝကိုတစ်လေသံတည်းပဲ။
အဆောင်ပြန်ရောက်တော့ အတော့်ကိုမိုးချုပ်နေပြီဖြစ်ကာ ဖျားတာရော ငိုထားတာရောကြောင့်
ဘေးက မြပိတောက်ကြည်သာ့ရဲ့မျက်နှာက
ကားမီးရောင်အောက်မှာ နီရဲနေသည်။
ဒီကလေးမ မျက်လုံးတွေက သူ့ကိုအားနာကာ
သူ့အတွက် နာကျင်နေရတယ်ဆိုတာ
သိသာနေပေမဲ့
သူ့အတွက် ယုံကြည်ပေးဖို့ရာ ခက်ခဲလွန်းနေခဲ့ပြီ။

ရင်မှာ ဝှက်၍ ပျိုးခဲ့ပါသော.....Where stories live. Discover now