အပိုင်း (၃၅)

3.2K 220 27
                                    

Unicode.....

(နောက်ကျသွားပါတယ် တောင်းပန်ပါတယ် ခ
part time job နှစ်ခုလုပ်လိုက်တာ
နွားလေးလို အတင်းရုန်းနေရလို့ပါရှင် 😭)

''ကျွန်တော် ကောင်မလေး ရနေပြီ ''

''ငါထင်တယ် ငါထင်တယ်
တွေ့လား မမမြတ် ငါပြောသားပဲ
ဒီကောင်လေး ရည်းစားရနေတာပါလို့''

မြပိတောက်ကြည်သာနဲ့တွဲနေကြောင်းကို မမမြတ်တို့ကို ဖွင့်ပြောတော့မယ်လို့ဆုံးဖြတ်ထားတာမို့ မနက်စာတူတူစားနေရင်းပဲ အလေးအနက်ဖွင့်ပြောချလိုက်သည်။
မမသိမ့်ကတော့ သူခန့်မှန်းတာမှန်တယ်ဆိုတဲ့သဘောနဲ့ မမမြတ်ကိုလက်တို့နေပေမဲ့လို့ မမမြတ်ကတော့ စားနေတာကိုရပ်လိုက်ကာ အလေးအနက်ပဲ သူဆက်ပြောလာမှာကိုစောင့်နေသယောင်ယောင်....။

''ကောင်မလေးက မမမြတ်တို့လည်း သိထားပြီးသားပါ ဒီမြို့ကပါပဲ....
ဦးကြည်သာ့သမီးအလတ်လေ''

''နေပါဦး ဦးကြည်သာ့သမီးအလတ်ဆိုရင်....
မြပိတောက်ကြည်သာပေါ့ဟဲ့
ဟဲ့...
တကယ် မြပိတောက်ကြည်သာနဲ့လား''

မမသိမ့်သည် အံ့သြသွားပုံရကာ အလန့်တကြားထမေးလာသည်။

''အင်း တွဲနေတာ နည်းနည်းတော့ကြာပါပြီ
သူတို့မိဘ သဘောတူစေ့စပ်ထားတဲ့ကောင်လေးနဲ့ကလည်း စေ့စပ်ပွဲ ဖျက်သိမ်းပြီးပြီ
အဲဒီစေ့စပ်ပွဲဆိုတာလည်း သူတို့မိဘသဘောဆန္ဒအရလုပ်ထားရုံသပ်သပ်ပဲ အစကတည်းက ဒီအကြောင်းတွေကို ကျွန်တော်လည်းသိတယ်
အခု အဲဒီကိစ္စကိုသေချာဖြေရှင်းပြီးမှ ကျွန်တော်တို့တွဲနေတာကို မမမြတ်တို့ကိုအတိအလင်းချပြတာ''

''မြပိတောက်ကြည်သာတို့အိမ်ကရော မင်းနဲ့တွဲနေတာကို သိလား''

''သိတယ် ဟိုတစ်နေ့ကမှဖွင့်ပြောလိုက်တာ''

မမမြတ်ကတော့ ဘာမှအထူးတလည်အံ့သြတဲ့ပုံမပြဘဲ လက်ဖက်ရည်ကိုသာသောက်ရင်း သူပြောတာကိုနားထောင်သည်။

''အင်း မင်းအသက်လည်းမငယ်တော့ဘူး မမမြတ်ကတော့ အတည်တကျရည်ရွယ်တာမျိုးပဲ ဖြစ်စေချင်တယ်
မြပိတောက်ကြည်သာဆိုတာလည်း
ကိုယ့်မျက်စိအောက်က ကလေးပဲ
သင့်တော်၏ မသင့်တော်၏ဆိုတာ တကယ်ပေါင်းဖက်ကြမဲ့ မင်းတို့ကိုယ်တိုင်သိကြမှာပဲ
သေသေချာချာစဥ်းစားရွေးချယ်ကြပေါ့
ဒီအချိန်မှာ မမမြတ်တို့ကဘာမှဝင်ပြောမှာမဟုတ်ဘူး''

ရင်မှာ ဝှက်၍ ပျိုးခဲ့ပါသော.....Where stories live. Discover now