အပိုင်း (၁၄)

3.3K 260 88
                                    

Unicode............

(စာလုံးပေါင်းသတ်ပုံ ပြန်မစစ်ရသေးလို့ အမှားပါနေရင် ခွင့်လွှတ်ပေးကြပါကုန်😞💙)

''ဒီက ညီမက မြပိတောက်ကြည်သာလားဗျ''

မြနာမည်ကိုပြောရင်း ဖုန်းကိုကြည့်လိုက် မြမျက်နှာကိုကြည့်လိုက်လုပ်နေသော အစ်ကိုကြီးတစ်ယောက်ကြောင့် ကိုယ့်ကိုယ်ကို သတိကပ်ထားလိုက်သည်။
ဘာလဲ...မြကိုဘယ်လိုလုပ်သိတာလဲ။
သေချာကြည့်မှ ဆင်အဖွဲ့တစ်ဖွဲ့ရဲ့ ဝတ်စုံကိုဝတ်ထားကာ တိုက်ပုံမှာလည်း ဆင်နာမည်ကိုရင်ထိုးထိုးထားသေးသည်။

''မလန့်ပါနဲ့ ကျွန်တော့်ကို အမေက
ရှာခိုင်းထားလို့ပါ
ကျွန်တော်က ဟန်နီတို့ရတီတို့အစ်ကိုလေ
ဒါညီမပုံမလား အမေလှမ်းပို့ထားတာ ကြည့်ကြည့်''

တစ်ဖက်ကအစ်ကိုပြလာသော ဓာတ်ပုံကိုကြည့်လိုက်တော့ လူကြီးနှင့်ဟမ်ဘာဂါသွားစားတုန်းကရိုက်ထားသောဓာတ်ပုံလေးပင်။

''အစ်ကို အမေ့ကိုဖုန်းဆက်လိုက်ဦးမယ်
ခဏစောင့်''

နောက်ဆုံးတော့ ရတီတို့အမေနဲ့ဖုန်းပြောပြီးတော့မှ ထိုအစ်ကို့နောက်သို့ယုံယုံကြည်ကြည်နဲ့လိုက်ရဲတော့သည်။
ရတီတို့အိမ်ပြန်ရောက်တော့မှ
စိတ်ဒုန်းဒုန်းချနိုင်ကာ
ခေါ်လာပေးသည့်အစ်ကို့ကိုလည်း အားနာနာနဲ့ပင်ကျေးဇူးတင်ရသေးသည်။

''မြလေးရယ် တီချယ့်ဖြင့် သိပ်လန့်သွားတာပဲ
လူကြီးတွေကိုစိတ်ပူအောင် သိပ်လုပ်တဲ့ကလေး''

တီချယ်မြတ်သည် မြကိုမြင်တာနဲ့ ထိုင်ရာကထလာကာ ခေါင်းကိုပွတ်သပ်ပေးသည်။
တီချယ်မြတ်လက်တွေကလည်း အေးစက်နေကာ
မြကိုအဟုတ်ကိုစိတ်ပူနေမှန်းသိသာသည်။

''မြလည်း ရုတ်တရက်ဆိုတော့ ပြာပြီးလမ်းတွေလည်းမမှတ်မိတော့တာ
ဒါနဲ့ ဟန်နီရော အိမ်ပြန်ရောက်ပြီလား''

''ရောက်ပြီ သူ့အမေက ဆူနေတယ်''

''အယ် မဆူပါနဲ့ သူ့အမှားမှမဟုတ်တာ
မြဘာသာ သေချာမရှာမိလို့ပါ''

''မဟုတ်ဘူး သမီးရဲ့
သူက ကောင်လေးနဲ့ချိန်းတွေ့နေတာတဲ့
ညည်းဆရာကြီးနဲ့ သူ့အမေနောက်ကလိုက်ရှာတော့
တွေ့ခဲ့တာလေ''

ရင်မှာ ဝှက်၍ ပျိုးခဲ့ပါသော.....Where stories live. Discover now