အပိုင်း (၁၁)

3.4K 227 51
                                    

Unicode......

ပိုက်ဆံရှိအသိုင်းအဝိုင်းက မင်္ဂလာဆောင်ပီပီ
အပြင်အဆင်က လုံးဝကိုခမ်းနားနေသည်။
နာမည်ကြီးဟိုတယ်မှာ ကျင်းပတဲ့အပြင်
နှစ်ဖက်စလုံးက အသိုင်းအဝိုင်းကြီးတာမို့
လာတဲ့ဧည့်သည်တွေကလည်း အသိုင်းအဝိုင်းကြီးထဲကချည်းဖြစ်ပုံရသည်။
မြသည်တော့ အဘွားတို့ကလွဲပြီး ဘယ်သူနဲ့မှမသိတာမို့ အမေတို့ထိုင်ခိုင်းခဲ့တဲ့စားပွဲမှာတင်
ထိုင်နေခဲ့ပြီး မုန့်စားလိုက် အအေးသောက်လိုက်လုပ်နေရသည်။
အနောက်တိုင်းဝတ်စုံဝတ်ထားသော ဇနီးမောင်နှံသည် ဧည့်သည်များကြားတွင် တောက်ပစွာဖြင့် လိုက်လံဧည့်ခံနေသည်။ မြသည်တော့ တပြုံးပြုံးဖြင့် ပျော်ရွှင်နေသော မြသရဖီချစ်ကိုပဲ လိုက်ကြည့်နေမိသည်။
အိစက်နေသော အဖြူရောင်ဂါဝန်အရှည်ကြီးကိုဝတ်ဆင်ကာ မိန်းမငယ်လေးတစ်ယောက်လိုပြင်ဆင်ထားပါသော်လည်း မြသရဖီချစ်၏ ထက်မြက်သော မိန်းမပုံစံကမှေးမှိန်မသွားခဲ့။
ထက်မြက်လွန်းလို့ပဲ လူကြီးကိုထားခဲ့ကာ ဒီလိုကျိကျိတက်ချမ်းသာတဲ့ယောကျ်ားတစ်ယောက်ကိုရွေးချယ်ခဲ့တာလား။
ကြည့်နေရင်းဖြင့် မြသရဖီချစ်တို့ဇနီးမောင်နှံသည် မြထိုင်နေသော စားပွဲဆီသို့လျှောက်လာတော့သည်။

''ညီမလေး စားနော်
ပျင်းနေရင်လည်း ဟိုဟိိုဒီိဒီလျှောက်ကြည့်
မောင် ဒါ သရဖီရဲ့ ညီမဝမ်းကွဲလေးလေ
အန်တီမြသဇင်ထိုက်ကမွေးတာ
မြပိတောက်ကြည်သာတဲ့''

''တွေ့ရတာဝမ်းသာပါတယ်ဗျ
အစ်ကိုက လွင်ဦးမောင်ပါ''

''ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်
အစ်မလို လူတစ်ယောက်က ချက်ချင်းကြီးလက်ထပ်ဖို့လုပ်ပစ်လိုက်တာဆိုတေ့ ဘယ်လိုလူလဲဆိုပြီးတွေ့ချင်နေခဲ့တာ''

''အဟင်း ဒါကတော့ အစ်ကိုက ကံကောင်းတာပါ
ချစ်လို မိဘစကားနားထောင်တဲ့ အလိမ္မာလေးကိုရလိုက်ရလို့လေ ''

''အာ....ဟုတ်ပါပြီ''

''လူကြီးကိုဘာတွေလျှောက်ပြောနေတာလဲ
ရေခဲမုန့်ထပ်စားချင်လည်းစားနော် ဘာမှရှက်မနေနဲ့''

''ဟုတ်ကဲ့ အစ်မ
ဒါနဲ့လေ....
ဦးခန့်မှူးဇေယျာကို စိတ်ကြိုက်ပလေးပြီးမှ လမ်းခွဲပစ်ခဲ့တာကရော
မိဘစကားနားထောင်ချင်လို့လား ပိုက်ဆံမက်လို့လား''

ရင်မှာ ဝှက်၍ ပျိုးခဲ့ပါသော.....Where stories live. Discover now