အပိုင်း (၂၃)

3.3K 256 49
                                    

Unicode.........

ဖိတ်စာကိုင်ကာ ဆိုင်ထဲသို့ ခပ်တည်တည်ပဲဝင်လာရင်း အသိရယ်လို့ရှိမလားဟုရှာကြည့်မိသည်။
ကိုသုတလည်း ရှိနေမှာဆိုပေမဲ့ ဆိုင်ထဲမှာတော့ အရိပ်အယောင်တောင်မတွေ့ရသေး။
တော်သေးတာက ဘေးမှာအဖော်အနေနဲ့ ဘွားထိုက်ရဲ့လူယုံ မပုံ့ပါလာလို့တော်သေးသည်။

ဧည့်သည်တွေကို ကျွေးသော ရေခဲမုန့်ကိုစားပြီးမှ
ဆိုင်အတွင်းသို့လှည့်ပတ်ကြည့်ကာ တစ်ခုခုအားပေးရန်ကြည့်လိုက်သည်။ ခန်းဝင်ပစ္စည်းမျိုးစုံနှင့် အိမ်ထောင်ပရိဘောဂပစ္စည်းများစွာကို သူ့အမျိုးအစားအလိုက် စုံလင်စွာပြသထားသည်မှာ
လှပသေသပ်လွန်းနေပြီး ဒီဆိုင်က ကိုသုတအမေတို့ဘက်က ဒုတိယအကြိမ်ဖွင့်လှစ်သောဆိုင်ခွဲဖြစ်သည်။

''သြော် မြပိတောက်ကြည်သာတောင်ရောက်နေပြီပဲ
အန်တီက နောက်ထဲရောက်နေလို့ မသိလိုက်ဘူး''

''ရပါတယ် အန်တီ
ဆိုင်က ပြင်ဆင်ထားတာ
အရမ်းသေသပ်လွန်းတယ်နော်
အမျိုးအစားတွေကို စုံလင်နေရောပဲ''

ဟိုဟိုဒီဒီလိုက်ကြည့်နေတုန်း ကိုသုတရဲ့အမေရောက်လာကာ နှုတ်ဆက်သည်မို့ အလိုက်သင့်ပြန်နှုတ်ဆက်ရင်း ဆိုင်ရဲ့အပြင်အဆင်လှပပုံကို နှုတ်ကနေတောင်ထုတ်ပြီးပြောလိုက်မိသည်။

''ချီးကျူးလွန်းနေပါပြီကွယ်
ဒါ သမီးအစ်မ မြသရဖီချစ်ရဲ့ အိုင်ဒီယာလေ
တော်တော်များများကလည်း အပြင်အဆင်က
လှလို့တဲ့ ချီးကျူးနေကြတာ
ဆိုင်အပြင်အဆင်လှတာကလည်း သမီးဘွားဘွားရဲ့
ဆိုင်ခန်းတည်ဆောက်ပုံက ခေတ်မီဆန်းသစ်နေလွန်းလို့ပါလေ''

မမျှော်လင့်ထားပါဘဲ
မြသရဖီချစ်ရဲ့နာမည်ပါလာတော့ သူ့လက်ရာလို့ဆိုသည့် ဆိုင်အပြင်အဆင်ကိုနောက်တစ်ခေါက်ထပ်ကြည့်လိုက်မိသည်။
တကယ်လည်း လှပါသည်။
သူ့နေရာနဲ့သူ ပစ္စည်းတွေကို နေရာချပြီးပြင်ဆင်ထားပုံက ပစ္စည်းတွေများနေတာတောင် အမြင်မရှုပ်စေဘဲ ကြည့်ရတာအဆင်ပြေနေသည်။
ဆိုင်ခန်းတည်ဆောက်ပုံကလည်း
ဆန်းသစ်လွန်းလို့ဆိုပဲ......။
အေးလေ အဲဒီဆိုင်ခန်းဒီဇိုင်းကဘယ်သူ
ဆွဲပေးထားတာမို့လို့လဲ။
ဒီက မြပိတောက်ကြည်သာက ဆွဲပေးထားတာလေ။
ကိုယ့်ဒီဇိုင်းလက်ရာကိုကြည့်ရင်း တပြုံးပြုံးလုပ်နေတုန်း အစာမစားရတဲ့ လင်းတကြီးလို မျက်နှာကြီးရှုံ့မဲ့ကာဝင်လာသော ကိုသုတကိုတွေ့လိုက်ရသည်။
မြသာ ကိုသုတအမေဆိုလျှင် နင့်အခွက်ကိုပြင်ထားလို့ပြောလိုက်မိမှာပင်။

ရင်မှာ ဝှက်၍ ပျိုးခဲ့ပါသော.....Where stories live. Discover now