အပိုင်း (၃၂)

2.9K 252 72
                                    

ပြန်လာပါပြီ ဘေဘီတို့.....။
ကြာသွားတာမို့ အရိုက်ခံမလို့
တုတ်လည်းကောက်ခဲ့ပါတယ် 😞....။

Unicode.......

အိမ်ထဲဝင်ဝင်လာချင်း မြင်တွေ့လိုက်ရတာက
ဧည့်ခန်းစားပွဲပေါ်မှာတင်ထားသော အရောင်အသွေးစုံလင်လှသည့်ဖိတ်စာများဖြစ်သည်။
တလက်လက်တောက်နေသော ဖိတ်စာတွေကို
ငိုင်ပြီး ကြည့်နေတုန်း  ယောင်းမဖြစ်သူက အိမ်နောက်ဘက်ကနေထွက်လာသည်။

''ပိတောက်လေးပြန်ရောက်ပြီကိုး
ဖြေနိုင်တယ်မလား''

''ဟုတ်
ဒါတွေ...ဒါတွေက ဘယ်တုန်းကရောက်တာလဲ''

မောဟိုက်လွန်းစွာနဲ့ မေးတော့ ယောင်းမဖြစ်သူက ကြောင်စီစီကြည့်လာသည်။
အဲဒီဖိတ်စာတွေကိုမြင်ရတာ အာရုံတွေနောက်ကျိလာရပြီး ရင်ထဲမွန်းကြပ်လာလွန်းလို့ပါ။
အချိန်တွေကုန်တာ အဲ့လောက်ထိမြန်ရလား။
နောက်လ၂၈ဆိုလျှင် ဗုဒ္ဓဘာသာအယူအရ
ဝါကျွတ်တော့မည်ဖြစ်သည်။
ဝါကျွတ်ရင် နှစ်ဘက်မိဘသဘောတူညီချက်အရမြနဲ့ကိုသုတနဲ့ကို မင်္ဂလာဆောင်ပေးတော့မည်ဖြစ်သည်။

''နေ့ခင်းက မေမေထိုက်ယူလာတာ
ရွေးရအောင်လို့တဲ့
ပိတောက်လေးကြည့်ရတာပင်ပန်းနေပုံပဲ
သွားသွား ခဏနားပြီးမှ ဒါတွေလာရွေးလိုက်''

ယောင်းမဖြစ်သူကိုခေါင်းငြိမ့်ပြလိုက်ကာ ကိုယ့်အခန်းထဲကို အမြန်ဝင်ခဲ့လိုက်သည်။
ကိုသုတကိုဖုန်းဆက်ရမယ်။
မိဘတွေဘာမှထပ်မစီစဥ်ကြသေးခင် ဒီမင်္ဂလာပွဲကို ငြင်းမှကိုဖြစ်တော့မယ်။

''ဟဲလို အေး ပြော''

''ဖုန်းပြောလို့ အဆင်ပြေလား ကိုသုတ''

''ပြေတယ် ဘာပြောမလို့လဲ''

''အိမ်မှာဖိတ်စာတွေတောင် ပုံစံရွေးဖို့လုပ်နေပြီ
မြတို့တွေ ဘယ်နေ့မိဘတွေကိုထုတ်ပြောမှာလဲ
ကိုကြီးရှင်းသန့်နဲ့ရော တိုင်ပင်ပြီးပြီလား''

''အင်း တိုင်ပင်ထားပါတယ်''

''တိုင်ပင်ပြီးပြီဆိုလည်း မိဘတွေကိုတတ်နိုင်သမျှ မြန်မြန်ထုတ်ပြောကြမယ်လေ
ဒီထက်ပိုပြီးစီစဥ်ပြီးခါမှ ထုတ်ပြောလိုက်ရင်
သူတို့ဒေါသကိုပိုဆွလိုက်သလိုဖြစ်သွားမယ်''

ရင်မှာ ဝှက်၍ ပျိုးခဲ့ပါသော.....Where stories live. Discover now