အပိုင်း (၉)

3.1K 197 28
                                    

Unicode.....

(စာလုံးပေါင်းမစစ်ရသေးပါဘူးနော် အချစ်တို့😟)

''လက်နဲ့ကာထားလို့ မျက်နှာတစ်ခြမ်းပဲပါလာသော
လူကြီးရဲ့ ပုံလေးကိုကြည့်ရင်း မြသဘောအကျကြီးကျနေမိသည်။
ကိုယ့်ဘာသာကိုယ်ရှာဖွေစုဆောင်းထားရပါသော
လူကြီးရဲ့ပုံများထည့်သိမ်းထားပါသည့် collection ထဲသို့ ထိုပုံလေးအားထည့်သိမ်းရင်း နောက်လည်း လူကြီးနဲ့ဒီလိုလေးပဲ ရင်းနှီးနေပါရစေလို့ တိတ်တိတ်လေး ဆုတောင်းမိသည်။

Instagram ထဲဝင်လိုက်တာနဲ့ လူကြီးဝယ်ကျွေးသော ဟမ်ဘာဂါကို ရိုက်ထားသည့် ဓာတ်ပုံကိုအရင်တွေ့လိုက်ရသည်။ဒီနေ့ကတော့ မြပိတောက်ကြည်သာရဲ့
facebookက storyမှာလည်း ဟမ်ဘာဂါပဲ
Instagram storyမှာလည်း ဟမ်ဘာဂါပဲ
profile features မှာလည်း ဟမ်ဘာဂါပဲ........။
ဘယ်သူတွေမျက်စိနောက်နောက်
မြပိတောက်ကြည်သာအတွက် ဒီဟမ်ဘာဂါက ကြည့်မဝသော ချစ်ရတဲ့ဟမ်ဘာဂါလေးပဲ ဖြစ်သည်။

''ဟီးဟီး လူကြီးကတော့ စိုးမိုးလွန်းနေပြီဟေ့''

ကိုယ့်ဘာသာ အူမြူးနေပြီးတော့မှ စာမေးပွဲနီးနေပြီဆိုတာကို သတိရလိုက်သည်။တက္ကသိုလ်ကျောင်းကြီး၏ ပထမတစ်ဖြတ် စာမေးပွဲပင်ဖြေတော့မှာမလို့
အခုနောက်ပိုင်းဆို စာကိုဖိဖိစီးစီးလုပ်ဖို့လိုအပ်လာလေပြီ။

စိုးမိုးလွန်းနေသည့် လူကြီးကိုခဏဘေးချိတ်ကာ
ကျောင်းစာကိုသေချာပြန်ကြည့်ဖို့လုပ်ရတော့သည်။
ညဆယ့်နှစ်ကျော်ချိန်တွင်တော့
ခက်လွန်းသည့်စာတွေကြောင့် လူကငြီးစီစီဖြစ်လာကာ စာကြည့်စားပွဲဘေးက ပြတင်းပေါက်ကိုခဏဖွင့်လိုက်သည်။
အခန်းထဲသို့ဝင်လာသော ညလေအေးလေးကြောင့်
လူကလန်းသလိုတော့ဖြစ်သွားပေမဲ့လို့ စာဆက်လုပ်ဖို့လည်း သိပ်စိတ်မပါချင်တော့....။

''ဟယ်.....''

တိုက်တိုက်ဆိုင်ဆိုင် မြအခန်းနဲ့တန်းတန်းကပြတင်းပေါက်မှန်မှတစ်ဆင့် ဖုန်းပြောနေသော လူကြီးကိုတွေ့လိုက်ရသည်။ခုံပေါ်၌ခပ်လျှောလျှောထိုင်ကာ
လက်တစ်ဖက်က စီးကရက်သောက်ရင်း တစ်ဖက်ကဖုန်းကိုကိုင်ထားပါသော လူကြီး၏ပုံစံသည် မြအတွက်တော့ အဖိုးတန်လွန်းသော မြင်ကွင်းအသစ်ဖြစ်သည်။
အမြဲတမ်း ဆီလူးကာ အနောက်သို့ဖီးသင်ထားပါသော ဆံနွယ်များသည်လည်း ယခုတွင်တော့
ဖရိုဖရဲဖြင့် လူငယ်ဆန်စွာ
နဖူးထဲ၌ဝဲကျနေသည်။
ရှပ်လက်တိုတစ်ထည်ကိုဝတ်ထားပါသော လူကြီးသည် မီးရောင်အောက်တွင် ထင်းလင်းနေသည်။
နှုတ်ခမ်းတွေမှတစ်ဆင့် ဆေးလိပ်ငွေ့တွေမှုတ်ထုတ်လိုက်ချိန်မှာတော့ အသည်းယားလွန်းလို့ နှုတ်ခမ်းကိုတောင်ကိုက်ထားမိလိုက်သည်။
ရိုးရိုးသတ်လည်း သေပါတယ် လူကြီးရယ်.....။
မြင်ရခဲသော ဒီပုံစံကို ဖုန်းထုတ်ကာမြန်မြန်မှတ်တမ်းတင်လိုက်သည်။
ခိုးရိုက်ထားတာမကောင်းမှန်းသိပေမဲ့
မသိဘူး ရိုက်မှာပဲ။
ရုတ်တရက်ကြီး မြရှိရာဘက်ဆီကို လှည့်ကြည့်လာတော့ မြလည်း အယောင်ယောင်အမှားမှားဖြင့်
ဘောပင်ကိုင်ထားတဲ့ညဘက်လက်ကိုအားရပါးရမြှောက်ကာ ဝှေ့ယမ်းရင်း နှုတ်ဆက်လိုက်သည်။

ရင်မှာ ဝှက်၍ ပျိုးခဲ့ပါသော.....Where stories live. Discover now