အပိုင်း (၁၂)

3.4K 222 40
                                    

Unicode.....

''ဘယ်ကတည်းက တွဲနေတာလဲ''

''လွန်ခဲ့တဲ့နှစ်လကတည်းက....''

''အခု ဘယ်လိုလုပ်မယ်တွေးထားလဲ''

''ရှန်...
ဘာကိုဘယ်လိုလုပ်ရမှာလဲ''

''မြ...ပိတောက်...ကြည်သာ''

အမေ့ရဲ့အံကြိတ်သံကြောင့် ဟိုလိုလို ဒီလိုလိုလျှောက်ဖြေနေသော မြရဲ့ခန္ဓာကိုယ်လေးမှာ အသင့်ဖြစ်သွားရသည်။
ဒီလောက်ဆို အမေစိတ်တိုနေတာကို သိလိုက်ပါပြီ။
ဒါပေမဲ့လို့ လူကြီးနဲ့ မြနဲ့က တကယ်တွဲနေကြတာမှမဟုတ်တာ။
မြက ဘယ်လိုဖြေပေးရမှာလဲ။

''မောင်ခန့်မှူးဇေယျာနဲ့က လက်ထပ်ဖို့ထိ ရည်ရွယ်မထားကြဘူးဆိုရင် လမ်းခွဲလိုက်ပါ့လား''

''ဘယ်လိုတောင် ပြောလိုက်တာလဲ အမေရယ်''

မြတောင်မသိလိုက်ပါဘဲ မြရဲ့အသံတို့သည် အဖျားခတ်ကာ တုန်ယင်သွားသည်။
အမေမို့ ပြောချလိုက်တာများ....။
တကယ်မဟုတ်ပါဘဲ ဒီလိုလေးဟန်ဆောင်နေရတာတောင် ရူးမလောက်ပျော်နေမိတာကို....။
လမ်းခွဲလိုက်ပါ့လားတဲ့။

''အမေက သမီးကောင်းဖို့ပြောတာပါ
သမီးအစ်မ သရဖီလေးလို ကောင်းကောင်းမွန်မွန်လေးနဲ့ အိမ်ထောင်ပြုစေချင်တာပါကွယ်''

''ကိုကိုက ဘယ်နားဘာဖြစ်နေလို့လဲဟင်
ကိုကို ဘာကြီးပဲဖြစ်နေပါစေ သမီးအတွက် အဆင်ပြေတယ်လေ ''

''ငါ့သမီးရယ် ပြောရခက်လိုက်တာ''

''သုတနောင်နဲ့ လက်ထပ်လိုက်ရင် သမီးပျော်ရမယ်လို့ အမေ အာမခံလား''

''မပျော်စရာဘာရှိလဲ မိဘတွေက ကောင်းလို့စီစဥ်ပေးတာပဲလေ''

''ဒါဆို အမေဘာလို့အဖေ့ကိုရွေးချယ်ခဲ့တာလဲ
သမီးလည်း အမေ့လို သမီးချစ်ရတဲ့သူကိုပဲရွေးမှာ''

''မောင်ခန့်မှူးဇေယျာရဲ့ အကြည့်တွေမှာ
သမီးကိုချစ်တဲ့စိတ်ဆိုတာ မရှိဘူး
အမေက သမီးအဖေရဲ့ ချစ်တဲ့စိတ်နဲ့ကြည့်တဲ့မျက်လုံးတွေကိုတစ်သက်လုံးမြင်လာရတဲ့သူမို့
သိတယ်
သမီးကို သူက မချစ်ဘူး''

''ဟား...
အမေနဲ့ ကိုကိုနဲ့ ဘယ်နှကြိမ်များတွေ့ဖူးလို့ အမေက ဒီလိုကောက်ချက်ချလိုက်တာလဲ
မြက ချစ်နေရင်ရပြီလေ''

ရင်မှာ ဝှက်၍ ပျိုးခဲ့ပါသော.....Where stories live. Discover now