အပိုင်း (၄)

3.3K 174 18
                                    

Unicode...... &......Zawgyi

''လိမ်လိမ်မာမာနေမယ်နော် ဘာသံမှမကြားချင်ဘူး''

မြကိုယ်တိုင်လည်းကျောင်းသွားရတော့မှာမို့ဆိုင်ကယ်ထုတ်ရင်းနဲ့ ကျောင်းသွားတော့မဲ့ အဆောင်သူအုပ်စုကို ဆုံးမရသေးသည်။
ကျောင်းဖွင့်ကာမှပဲ အဆောင်သူအပျိုမမတွေကအလှတွေပိုပြင်လာတာမို့ နေ့တိုင်း ချော့လိုက်ခြောက်လိုက်ဖြင့် ဆုံးမနေရသည်။
စိတ်ကစားချင်ကြတဲ့အရွယ်လေးတွေမို့
မဖြစ်သင့်တာတွေမဖြစ်ကြရလေအောင် သူတို့လုပ်သမျှကိုမျက်လုံးဒေါက်ထောက်ပြီးကြည့်နေရသည်။

''မမလည်းဒီနေ့လှနေတာနော် ဘာလဲ
ကောင်လေးနဲ့ချိန်းမလို့လား''

''ပေါက်ပေါက်ရှာရှာတော်
ကျွန်မ ဘယ်မှာရည်းစားရှိလို့တုန်း
ဒီနေ့ ကျောင်းက welcomeရှိလို့ဟေး
သွားပြီနော်''

welcomeနေ့မို့လို့ သာမန်နေ့တွေထက်ပိုပြီး လှလှပပဝတ်စားထားကာ အပြတ်ရှိုးထုတ်ထားသည်။
ကျောင်းသွားခါနီး ရိုးရာမပြတ် မသိမသာလေး ဟိုဘက်တိုက်ဘက်ကိုလှမ်းကြည့်တော့ လူရိပ်လူယောင်တောင်မမြင်ရ။
ဒီမှာနေလာတဲ့အတောအတွင်း ကလေးတွေနဲ့ရော
ဆရာမကြီးတွေနဲ့ပါ ရင်းနှီးလာခဲ့ပေမဲ့ လူကြီးနဲ့ကတော့ ဟိုးအရင်တုန်းကအတိုင်း သူစိမ်းဆန်ဆန်ဆက်ဆံရေးအခြေအနေမှာပဲရှိနေသေးသည်။
လူကြီး မျက်နှာတစ်ရက်တစ်ခါလောက်မမြင်ရရင်
စိတ်ထဲတစ်ခုခုလိုနေသလိုခံစားရပြီး လူကြီးရဲ့အသံကြားတာနဲ့ ရင်တွေခုန်နေတတ်တာလည်း တော်တော်ကြာပါပြီ။
ရည်းစားရှိတဲ့အရိပ်အယောင်လည်းမမြင်ရတာမို့
မြသည်တော့ လူကြီးကို အပီအပြင်ကို သဘောကျနေမိသည်။
ရည်းစားရှိမရှိကို တီချယ်သိမ့်ကိုတစ်ခါ မလိမ့်တစ်ပတ်မေးကြည့်ဖို့ကြိုးစားဖူးပေမဲ့ ရှက်နေတာနဲ့တင်
လိုရင်းမရောက်ဘဲ စကားလမ်းကြောင်းတွေကို လွဲကုန်ခဲ့သည်။

ကျောင်းဆီရောက်တော့ တစ်ဦးတည်းသောသူငယ်ချင်းလေး ဟေသာက ဆိုင်ကယ်စတန်းကနေစောင့်နေသည်။

''နောက်ကျတာကောင်မရယ်
ဘယ်သဝေထိုးနေတာတုန်း''

''ဘယ်မှာနောက်ကျလို့တုန်း ခုမှရှစ်နာရီခွဲရှိသေးတာ
နင်သာ ဘဲနဲ့ချိန်းချင်တိုင်း စောရောက်နေတာလေ''

ရင်မှာ ဝှက်၍ ပျိုးခဲ့ပါသော.....Where stories live. Discover now