အပိုင်း (၂၁)

4K 287 120
                                    

Unicode.......

''သင်္ကြန်အကြတ်နေ့''

အိမ်နားနီးချင်းတွေ စုပေါင်းပြီးလုပ်သော
မုန့်လုံးရေပေါ်စတုဒီသာကြောင့် ဒီနေ့တော့
မြပိတောက်ကြည်သာတို့ခြေချုပ်မိပြီး ဘယ်မှထွက်လို့မရဘူးဖြစ်နေသည်။

ကိုသုတတို့အတွဲကတော့ မိုးလင်းကတည်းက
ရောက်နေကာ မြနဲ့အတူ လူကြီးတွေကို ကူလုပ်ပေးနေသည်။
လူများတာမို့ အများကြီးတော့ မပင်ပန်းပေမဲ့
မြကတော့ တစ်ယောက်တည်း အတွေးများကာ
စိတ်သိပ်မပါလှပေ။

''ဟိုကောင်မလေး ပါးစပ်ကြီးကိုင်ပြီးဘာလုပ်နေတာတုန်း
ဖက်ရွက်တွေရေဆေးခိုင်းထားတာပြီးပြီလား''

''ဆေးနေတယ် အမေရဲ့''

ကျောက်ဖျာကြီးပေါ်က ဖက်ရွက်တွေကို မြန်မြန်ဆေးကာ လက်သုတ်ပဝါအသန့်နဲ့လိုက်သုတ်နေရင်းမနေ့က အကြောင်းစီစိတ်ကပြန်ရောက်သွားပြန်သည်။

ဝိုးတဝါးဆိုပေမဲ့လို့ လူကြီးက နမ်းလိုက်တာကိုတော့မြ ရှင်းရှင်းလင်းလင်းကြီးမှတ်မိပါသည်။ဘာတွေပြောသွားမှန်း သေချာမမှတ်မိပေမဲ့လို့ လူကြီးရဲ့ရီဝေဝေအကြည့်တွေကို ခဏခဏပြန်မြင်ယောင်နေသည်။
အဖေပြောတာတော့ ကားတစ်စီးက အိမ်ရှေ့ထိလိုက်ပို့ပေးတာတဲ့။
ကိုသုတတို့ပြောပုံအရသူတို့ကအရင်ဟိုတယ်မှာဆင်းနေခဲ့တာမို့ လိုက်ပို့တာက လူကြီးပဲ ဖြစ်နိုင်သည်။
နမ်းသွားတယ်ဆိုလည်း မြကိုအကျိုးအကြောင်းဖြေရှင်းချက်လေးပေးသင့်တယ်မလား။
ဒါပေမဲ့ လူကြီးကတော့ ပျောက်ချက်သားကောင်းနေလွန်းသည်။
နေပါဦး ပြီးမှ မုန့်လုံးရေပေါ် သွားပို့ရင်း အကဲခတ်ရမည်။

ယောကျ်ားကြိုက် တော့ဆိုက်ဆိုက်လာ
မိန်းမကြိုက်တော့ မျှော်လိုက်တာ ဆိုတာက
မြအတွက်တော့ ပြောင်းပြန်ကိုဖြစ်နေပြီ။
မြကပဲ လူကြီးအိမ်ကိုချောင်းပေါက်မတတ်သွားနေရသည်။

''ညီမလေး ကိုကြီးကူပေးရဦးမလား
ပြီးပြီလား''

ကိုကြီးရှင်းသန့်သည် လက်သုတ်ပဝါလေးကိုင်ကာမြဘေးနားထိုင်ရင်း ဖက်ရွက်တွေကိုကူသုတ်ပေးလာတော့ လူကြီးဆီမုန့်လုံးရေပေါ်သွားပို့ဖို့အဖော်ညှိလိုက်သည်။
သိပ်မကြာပါဘူး။
ဘုရားဆွမ်းတော်တင်ဖို့နဲ့ လူကြီးတွေဖို့ဖယ်ပြီးတာနဲ့ဘယ်သူ့မှမကျွေးရသေးခင် လူကြီးအတွက်
ဦးဦးဖျားဖျားလေးပြေးပို့တော့သည်။

ရင်မှာ ဝှက်၍ ပျိုးခဲ့ပါသော.....Where stories live. Discover now