အပိုင်း (၂၅)

3.2K 233 35
                                    

Unicode.........


အဆင်မပြေပါဘူး။

သုံးရက်လုံးလုံး ဟာကွက်မရှိအောင်လေ့လာရင်း
ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်အပြည့်တည်ဆောက်ပြီးတော့ တွေ့ဆုံခဲ့တဲ့
လုပ်ငန်းပါတနာက မြတို့နဲ့လုပ်ငန်းအတူလုပ်ဖို့ကို မဖြစ်နိုင်ဘူးတဲ့လေ။
ဝမ်းနည်းစိတ်နဲ့အတူ စိတ်ဓာတ်ကျသွားပြီးတဲ့နောက်မှာ ငါမလုပ်နိုင်ခဲ့ဘူးဆိုတဲ့ ဝမ်းနည်းအားငယ်စိတ်က ဒွန်တွဲလိုက်ပါလာသည်။
တစ်ဖက်က လုပ်ငန်းရှင်ကို အလုပ်အတူတွဲလုပ်ဖို့ဖျောင်းဖျခဲ့တဲ့နေရာမှာ ဘာတွေလိုအပ်သွားခဲ့တာလဲ။
ဘွားထိုက်ကို ဘယ်လိုမျက်နှာပြရမလဲ။

''မပုံ့
မြဘယ်နေရာမှာ မှားသွားလို့ သူတို့ဘက်ကသဘောမကျရတာလဲ''

''ဘယ်နေရာ မှားသွားသလဲဆိုတာ
တကယ်မသိတာလား မြပိတောက်ကြည်သာ''

''ဟုတ်''

''အခုကိစ္စမှာ ကျွန်မတို့ဘက်က သူတို့ကိုပူးပေါင်းဖို့လက်တွဲခေါ်တဲ့သဘောပါ
သူတို့ဆိုင်ကနဂိုကတည်းက သိပ်အလုပ်မဖြစ်ပါဘူး
ဒါပေမဲ့ ဒီတစ်ခေါက်သူတို့ကျောက်တွင်းက
အောင်ထားတဲ့ကျောက်က
မေမေကြီးသဘောကျနေရတဲ့ပစ္စည်းမို့လို့
ပူးပေါင်းဖို့စီစဥ်တာပါ
ကျွန်မတို့က စင်ပေါ်ကပါ မြပိတောက်ကြည်သာ
ကျွန်မတို့ကလွဲပြီး သူတို့နဲ့ပူးပေါင်းမဲ့လူမရှိပါဘူး
ဒါပေမဲ့ မင်းက အောက်ကျို့ပြီး ဇွတ်ပြောသလိုဖြစ်သွားတော့ တစ်ဖက်က စျေးကိုင်လိုက်တဲ့သဘောပါပဲ
မေမေကြီးနဲ့တိုင်ပင်ပြီးမှ ဆက်ပြီးလုပ်ဆောင်သင့်ပါတယ် ''

မပုံ့စကားသံကြောင့် သက်ပြင်းကိုသာခပ်လေးလေးချရင်း လမ်းမထက်ဆီသို့ငေးမောရင်း ဘွားထိုက်ကိုပြောရမဲ့စကားတွေပြန်စီနေလိုက်သည်။
မပုံ့ပြောသလောက်ထိ တကယ်မတွေးခဲ့မိဘူး။
လုပ်ငန်းတစ်ခုမှာ နှစ်ဦးနှစ်ဖက်အဆင်ပြေရင်ရပြီလို့သာ ရိုးရိုးရှင်းရှင်းတွေးခဲ့ဖြင်းဖြစ်သည်။
စာချုပ်ပါအချက်အလက်တွေကိုလည်း ဘွားထိုက်ကိုအရင်ပြခဲ့ပေမဲ့ ဘွားထိုက်ကဘာမှမပြောခဲ့တာမို့ထိုအတိုင်းဆက်လုပ်ခဲ့ခြင်းဖြစ်သည်။
သုံးရက်လုံးပြင်ဆင်နေတုန်းက ဒီလောက်မပင်ပန်းဘူး။
အခုကျမှပဲ စိတ်ရောလူပါပင်ပန်းသွားသလိုပင်။
တစ်နေ့လုံးလည်းပင်ပန်းပြီးပြီမို့
လူကနုံးခွေနေကာ အိမ်ရောက်တော့ ဘွားထိုက်ဘုရားကန်တော့နေတယ်ဆိုလို့ ရေအရင်အမြန်ပြေးချိုးရသည်။
ရေချိုးပြီးတော့မှ အလုပ်ကိစ္စထည့်ထားတဲ့ဖိုင်ကိုယူကာ ဘွားထိုက်ရဲ့အခန်းဆီသို့ သွားလိုက်သည်။

ရင်မှာ ဝှက်၍ ပျိုးခဲ့ပါသော.....Where stories live. Discover now