အမေ၏ ဝမ်းနည်းစရာ အတိတ်

628 91 1
                                    

[Unicode]
ပျော်ရွှင်ခြင်းဆီသို့
စာစဉ် ၁။  အခန်း ၃ အမေ၏ ဝမ်းနည်းစရာ အတိတ်

"ဟဟ… ဒီကလေးက အသိတရားရှိပြီး သဘောကျဖို့ကောင်းတယ်။ ပြီးတော့ သူက စိတ်ရှုပ်အောင်မလုပ်ဘူး။ သူ့ကို စောင့်ရှောက်ရလွယ်မှာပါ!" မြောင်စွေ့လန်က ပြုံး၍ ပြောလိုက်သည်။

"ဟားဟား… ဒါဆို သူ့ကို စောင့်ရှောက်လိုက်ပေါ့။ အများဆုံး နောက်ထပ် ခန်းဝင်ပစ္စည်းတစ်စုံစာ နင်တို့ ထုတ်ရယုံပေါ့!”

မြောင်စွေ့လန်သည် စိတ်ထဲမကောင်းဖြစ်သွား၍ ပြောလိုက်သည်။
"အနာဂတ်က ပြောရခက်ပါတယ်။ ဒီကလေးက ကောင်းချီးရှိပြီးတော့ ကျွန်မတို့ကိုလည်း ကောင်းချီးပေးမပေးဆိုတာကို ဘယ်သူက သိမှာလဲ?"

အဒေါ်လီက တိတ်တဆိတ် လှောင်ပြောင်လိုက်သည်။
‘အမှိုက်တစ်ခုလိုဟာက သူတို့ အကျိုးခံစားဖို့ ဘာကောင်းချီးမဆို  ပေးနိုင်တယ်ပေါ့!’

သို့သော် သူမက ဟန်ဆောင်ပြုံးတစ်ခုကို ပြုံးရင်း ပြောလိုက်သည်။
"မှန်တာပေါ့။ မှန်တာပေါ့။ ဘယ်သူ အတိအကျ သိမှာလဲ? နောက်ကျရင် ငါတို့ တွေ့ရမှာပါ! ဒါပေမယ့် ဒီကလေးလေးက တကယ့်ကို ရုပ်ရည်လှပြီးတော့ သူကြီးလာလို့ မိန်းမလှတစ်ယောက် ဖြစ်လာတဲ့ အခါ ချမ်းသာတဲ့မိသားစုတစ်ခုဆီကို မယားငယ်အဖြစ် ပေးစားလို့ ရနိုင်တယ်။"

"အစ်မလီ!"
မြောင်စွေ့လန်သည် သူမ၏စကားများကို ကြားလိုက်ရသောအခါ သူမ၏ အမူအရာက စိတ်ပျက်လက်ပျက် ဖြစ်သွားပြီး အေးစက်စက် အရိပ်အယောင်တစ်ခုဖြင့် သူမက ပြောလိုက်သည်။

"ကျွန်မတို့က သိက္ခာရှိတဲ့လူတွေပါ။ ဒီလိုမျိုး မကောင်းတဲ့စကားတွေကို မပြောသင့်ပါဘူး! ပြီးတော့ ဒီလို မစောင့်စည်းတဲ့ အပြုအမူမျိုးကိုဘယ်တော့မှ မလုပ်ရဘူး!"

လွန်ခဲ့သောနှစ်များက မြောင်စွေ့လန်၏ ဖခင်နှင့် မိထွေး ဖြစ်သူသည် ချမ်းသာသော မိသားစု၏ မယားငယ်ဖြစ်လာဖို့ မြောင်စွေ့လန်အား အတင်းအကြပ် ဖိအားပေးခဲ့တာကို အဒေါ်လီ ရုတ်တရက် သတိရသွားခဲ့သည်။

ထိုအချိန်တုန်းက သူမသည် ဇွတ်အတင်း အတိုက်အခံလုပ်ကာ ဖခင်ထံမှ ထိမ်းမြားလက်ထပ်ရန် သဘောတူစာချုပ်ကို ခိုးယူခဲ့သည်။ ထို့နောက် သူမသည် ၎င်းကို အောင်သွယ်တော် ငှားရမ်းရန် အသုံးပြုခဲ့ပြီး မကြာမီ ရွာသို့ပြောင်းလာပြီး တစ်ယောက်ထဲ နေထိုင်သော လုကျုံးနှင့် အောင်သွယ်ခဲ့လေသည်။

ပျော်ရွှင်ခြင်းဆီသို့ (MM Translation) Dropped❗Where stories live. Discover now