[Unicode]
ပျော်ရွှင်ခြင်းဆီသို့
စာစဉ် ၁။ အခန်း ၂၂ အိမ်ပြန်ကြစို့…သို့သော် ပြီးခဲ့သောညက အမျိုးသမီရှား၏ အိပ်စက်မှုကို နှောင့်ယှက် တာက တကယ်တော့ သူမ၏ အိပ်စက်မှုကိုလည်း ကမောက်ကမ ဖြစ်စေခဲ့သည်။ သူမက သမ်းဝေလိုက်သည်။
‘ငါအရမ်းပင်ပန်းတာပဲ! ဒီအသက်အရွယ်မှာ ငါက ဒီလို ပင်ပန်းပြီး အိပ်ချင်တဲ့သူတစ်ယောက် ဖြစ်နေတယ်။’
ထို့ကြောင့် သူမက အမျိုးသမီးရှား၏ အခန်းသို့ လျှောက်သွားရင်း ထပ်သမ်းလိုက်သည်။ သူမက ကွပ်ပျစ်ပေါ်ရှိ စောင်များထဲတွင် ကွေးကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်လိုက်သည်။
ကောင်မလေးကို ရှောင်ရန်အလို့ငှာ ထွက်သွားသော အမျိုးသမီးရှားသည် အိမ်ပြန်လာချိန်တွင် ထိုအချင်းအရာကို မြင်တွေ့လိုက်ရပြီး သူမ၏ မျက်လုံးများက ဒေါသဖြင့် မနှစ်မြို့ဖွယ် ဖြစ်သွားတော့သည်။ထိုရက်အနည်းငယ်သည် အမျိုးသမီးရှားအတွက် အိမ်မက်ဆိုးတစ်ခု ဖြစ်ခဲ့သည်။ သူမ၏ အိမ်မက်ဆိုးများမှ သူမ မနိုးနိုင်သေးပေမယ့် ကောင်မလေးက သူမအား ညောင်စေးကျအောင် ကျိုထားသော သကြားလို ကပ်နေခဲ့ပြီး ရှောင်ရှားဖို့က စိန်ခေါ်မှုတစ်ခု ဖြစ်နေခဲ့သည်။
ထိုအချိန်အတောအတွင်း ၎င်းက မြောင်ချူးဟယ်နှင့် ထုံယွီအာတို့ လိုချင်ခဲ့သောအရာကို အတိအကျဖြစ်စေသည်။
"ကိုယ်က ကျောင်းတော်ကို စောစောပြန်ချင်တာနဲ့ အတော်ပဲ။ ဒါကြောင့် အဲ့ဒီကို နှစ်ရက်အတွင်း ချက်ချင်းသွားရမယ်။"
"ဒီရာသီက စီးပွားရေးကောင်းလို့ ကျွန်မလည်း မကြာခင် အလုပ်လုပ်ဖို့ အိမ်ပြန်ဖို့လိုလိမ့်မယ်။" ဟု ထုံယွီအာက ဖြည့်စွက်ပြောခဲ့သည်။
လုရှောင်ရှူးက ပျော်သွားပေမယ့် သူမ၏ အတွေးများကို ပေါ်လွင်စေသော အမူအရာတစ်ခုကို ပြသခဲ့သည်။ အမျိုးသမီးရှားကို မက်မက်မောမောကြည့်ရင်း သူမ၏ မျက်လုံးဝိုင်းဝိုင်းနှင့် မျက်ရည်စများရှိသော မျက်နှာအား သူမ ဘယ်ပုံဘယ်နည်း ပြုလုပ်ခဲ့ မှန်းကို ဘုရားသခင်သာ သိခဲ့သည်။