အရှက်မရှိသော မိထွေး

375 65 0
                                    

[Unicode]
ပျော်ရွှင်ခြင်းဆီသို့

အခန်း ၂၀ အရှက်မရှိသောမိထွေး

မြောင်ချူးဟယ်က သူတို့၏ ပစ္စည်းများကို နေရာချရန် သူတို့၏ အခန်းရှိရာသို့ ထုံယွီအာကို ဦးဆောင်ခေါ်သွားခဲ့ပြီး အခန်းသန့်ရှင်းခြင်း၊ သူတို့၏ ခေါင်းအုံးများနှင့် အိပ်ယာခင်းများကို နေရောင်အောက်တွင်လှမ်းခြင်းများကို ပြုလုပ်ခဲ့သည်။ သူတို့ အိမ်ကို လာသောအခါ အရာရာတိုင်းက ပြီးဆုံးအောင်လုပ်ဖို့ စောင့်နေတော့သည်။ သူတို့က အမျိုးသမီးရှားကို အားကိုးနိုင်ပါ့မလား?‌ မြောင်ချူးဟယ်တွင် ထိုအတွေးမျိုး ဘယ်တုန်းကမှ မရှိခဲ့ပေ။

"ယွီအာ... စိတ်ထိခိုက်နေလား။ ဒီနှစ်ရက်မှာ ကိုယ်တို့ ဒါကို ဖြတ်သန်းမှရမယ်!"

အခန်းက မှိုနံ့ထွက်နေပြီး ထုံယွီအာ ဤသို့ ဆင်းရဲပင်ပန်းမှုဒဏ်ကို ခံစားနေရသည့်အတွက် မြောင်ချူးဟယ် စိတ်မကောင်းဖြစ်ခဲ့ရသည်။

သူမက အကြိမ်ပေါင်းများစွာ နှာချေပြီးခဲ့ပေမယ့် အပြုံးတစ်ခုဖြင့်

ခေါင်းခါရင်း နူးညံ့စွာ ပြောခဲ့သည်။

"ချူးဟယ်... ကျွန်မ အဆင်ပြေပါတယ်။ ကျွန်မ ဒါကို သဘောမကျ မဖြစ်ပါဘူး။ ကျွန်မ ကျိန်ပြောပါတယ်။"

လင်မယားနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် အမြတ်တနိုးဖြင့် ပြုံးကြည့်လိုက်ကြသည်။

လုရှောင်ရှူးက မီးလှုံရင်း အိမ်ရှေ့ခန်းထဲရှိ မီးလင်းဖိုဘေးတွင် ထိုင်နေစဉ် သူတို့နှစ်ယောက်က အခန်းကို သန့်ရှင်းခဲ့ကြသည်။ မြောင်ထျန်းပေကလည်း ဒေါသထွက်သော အမူအရာဖြင့် မီးလင်းဖို ဘေးတွင် ထိုင်နေစဉ် အမျိုးသမီးရှားကတော့ အနားယူရန် သူမ၏ အခန်းသို့ ပြန်သွားခဲ့တာ ကြာပြီဖြစ်သည်။

လုရှောင်ရှူးက သူမ၏ နက်မှောင်သော မျက်ဝန်းကြီးများဖြင့် မြောင်ထျန်းပေကို စူးစိုက်ကြည့်ရင်း သူမ၏လက်ပေါ်တွင် မေးစေ့ကို ထောက်ထားခဲ့သည်။ သူ့အား သူမ အလွန်စိုက်ကြည့်နေခြင်းက ထပ်ပြီး ဒေါသပိုထွက်စေသောကြောင့် သူကလည်း သူမအား ပြန်ကြည့်လိုက်သည်။ မမျှော်လင့်ဘဲ လုရှောင်ရှူးက လုံးဝ မကြောက်ခဲ့ပေ။ သူမက သူ့အား ဒေါသပိုထွက်အောင် တစ်ခစ်ခစ် ရယ်ပြနေခဲ့သည်။

ပျော်ရွှင်ခြင်းဆီသို့ (MM Translation) Dropped❗Where stories live. Discover now