သဘောတူညီချက်တစ်ခုရရှိခြင်း

259 52 0
                                    

[Unicode]
ပျော်ရွှင်ခြင်းဆီသို့
  အခန်း ၃၅ သဘောတူညီချက်တစ်ခုရရှိခြင်း

လုရှောင်ရှူးသည် ထိုလူ၏အမူအရာကနေ ပြောနိုင်ခဲ့သည်။
ရုတ်တရက် သူမသည် သူမ၏ မျက်လုံးများကို ထူးဆန်းစွာ မျက်တောင်ခတ်လိုက်ပြီး သူ့အား မကောင်းသောအပြုံးတစ်ခုဖြင့် ခြေဆုံးခေါင်းဆုံး ကြည့်လိုက်သည်။

"ဟေး… ရှင်က အမျိုးသမီးရှားနဲ့ အချစ်ဇာတ်ခင်းနေတာ ဖြစ်နိုင်မလား?"

"ဘာမဟုတ်မဟတ်စကားလဲ?"

ထိုယောက်ျား၏အမူအရာက ငြင်းဆိုရန် လုံးဝ အလန့်တကြား ဖြစ်သွားခဲ့သည်။ လုရှောင်ရှူး ပြောလိုက်သောစကားကြောင့် သိသိသာသာ တုန်လှုပ်သွားပြီး ထုံယွီအာလည်း သူမကို ကြည့်ရင်း ကြက်သေသေ သွားတော့သည်။

‘ဒီကောင်မလေး ဘာပြောတာလဲ? အချစ်ဇာတ်ဟုတ်လား? ဒါက …’

ထုံယွီအာက ဖြူစင်လွန်းတော့သည်။ လုရှောင်ရှူးက ဒေါသထွက်သွားပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"အဓိပ္ပာယ်မရှိတဲ့စကားကို တော်လိုက်တော့! ဒါက မမှန်ရင် သူ့ကို ကူညီဖို့ ရှင် ဘာလို့ ဒီလောက် စွန့်စားမှာလဲ? သူ့လို မုဆိုးမတစ် ယောက်က ရှင့်ကို ဘာပေးနိုင်မှာလဲ?"
ထိုအခါ ထိုလူက ဒေါသတကြီးဖြင့် တုံ့ပြန်လိုက်သည်။

"ဒါက သူလို့ ငါမပြောခဲ့ဘူး— အွတ်!"

သူ၏မျက်နှာတွင် ပူခနဲနာကျင်မှုတစ်ခုကို ထပ်၍ ခံစားလိုက်ရပြီး ၎င်းမှ သွေး တစ်စက်စက်ကျလာခဲ့သည်။ သူက လုရှောင်ရှူးကို တိတ်တဆိတ် စိုက်ကြည့်ရင်း နောက်ဆုံးတွင် နောက်ထပ် ထပ်မပြောရန် ဆုံးဖြတ်ခဲ့သည်။

လုရှောင်ရှူးက သရော်ပြုံး ပြုံးလိုက်သည်။

"ရှင့်ရဲ့ အမူအရာနှင့် တုံ့ပြန်တာက ရှင့်ရဲ့ လျှို့ဝှက်ချက်ကို ဖော်ပြီးသွားပြီ။ ဒါကို ငြင်းဖို့ မလိုတော့ဘူး! ကျွန်မတို့ကို ဒုက္ခမပေးဘဲ ဒါကို ဝန်ခံလိုက်! ဟီးဟီး! အမျိုးသမီးရှားက အခု မငယ်တော့ပေမယ့် ဆွဲဆောင်မှုရှိတဲ့ မိန်းမတစ်ယောက် ဖြစ်နေတုန်းပဲထင်တယ်။ ဟမ်း… ရှင် သူ့ကို ရှင်နဲ့အတူ အိမ်ခေါ်မသွားချင်ဘူးလား? သူနဲ့ဆက်ဆံရေး ကိုဖုံးကွယ်ထားရတာက ပင်ပန်းတယ်လို့ ရှင်မထင်ဘူးလား? ရှင်က လူလွတ်ဖြစ်တုန်းပဲဆိုရင် ဒါက သိပ်ကောင်းတဲ့ တိုက်ဆိုင်မှုတစ်ခု ဖြစ်မှာမဟုတ်လား? ရှင် မိန်းမတစ်ယောက်ကို လွယ်လွယ်နဲ့ရမှာ! ရှင့်မှာ မိန်းမရှိရင် သူက ရှင့်ရဲ့ အငယ်အနှောင်းဖြစ်နိုင်လို့ ဘာပဲဖြစ်ဖြစ် ပြဿနာရှိမှာ မဟုတ်ပါဘူး!"

ပျော်ရွှင်ခြင်းဆီသို့ (MM Translation) Dropped❗Where stories live. Discover now