အမျိုးသမီးရှားအတွက် အားလုံး ဆုံးရှုံးခဲ့ပြီ...

271 42 0
                                    

[Unicode]
ပျော်ရွှင်ခြင်းဆီသို့
  အခန်း ၃၂ အမျိုးသမီးရှားအတွက် အားလုံး ဆုံးရှုံးခဲ့ပြီ…

သူ၏တတိယနှင့် ပဉ္စမဦးလေးများက ခေါင်းညိတ်လိုက်ကြသည်။
"ဒါပေါ့… မင်းရဲ့ ပညာသင်တာက အရေးကြီးတဲ့ကိစ္စပဲ။ ဒီလိုဆိုရင် မင်းနဲ့ မင်းမိန်းမ ဖုန့်ယဲ့ရွာကို ရွှေ့ပြီး အေးအေးချမ်းချမ်း နေသင့်တယ်။ ဒါဆို  ဒါက ပြီးပြတ်သွားပြီ!"

ထိုစကားများကို ကြားပြီးနောက် မြောင်ချူးဟယ်မှာ သက်ပြင်းချ လိုက်သည်။ ဖုန့်ယဲ့ရွာရှိ ရွာသားများအတွက် အကြီးအကဲကျွီရမ် အသစ်တစ်ယောက် ထိုနေရာတွင် အိမ်ဆောက်ချင်တာက ဂုဏ်ယူစရာတစ်ခု ဖြစ်ခဲ့သည်။ အကြီးအကဲကျွီရမ်က နေရာများစွာ ထဲကမှ သူတို့အား ရွေးချယ်လိုက်သောအခါ သူတို့ ဘာကြောင့် ထိုသို့ မဖြစ်မှာလဲ?
အရိုးသားဆုံးပြောရရင် မြောင်ချူးဟယ်က ဆင်ခြေတစ်ခုအဖြစ်သာ ထိုအရာကို အသုံးပြုနေခဲ့ခြင်းဖြစ်သည်။ ဖုန့်ယဲ့ရွာတွင် တိတ်ဆိတ် အေးချမ်းသော မြေတစ်နေရာကို သူက အလျဉ်းသင့်သလို ရွေးချယ်လိုက်ပြီး စီမံကိန်းနှင့် တည်ဆောက်ပုံကို စတင်လိုက်သည်။ လင်မယားနှစ်ယောက်က သူတို့၏ အိမ်မပြီးသေးချိန်အတွင်း လုမိသားစုအိမ်သို့ ပြောင်းရွှေ့ခဲ့ကြသည်။

အမျိုးသမီးရှားက ထိုအကြောင်းကို သိသောအချိန်တွင် ၎င်းက ညဘက် အလွန်နောက်ကျသွားခဲ့ပြီဖြစ်သည်။ အမေနှင့် ချွေးမ နှစ်ယောက်စလုံးသည် တတိယဦးလေးအိမ်သို့ ကမန်းကတန်း ပြေးသွားရင်း သူတို့ ဒေါသထွက်ခဲ့ကြသည်။ ထိုနေရာတွင် မျိုးနွယ်စုအတွက် သူတို့၏ ငွေများနှင့် ပစ္စည်းများ၏ ဆုံးရှုံးမှုအပေါ် ဝမ်းနည်းပက်လက်ဖြစ်ရင်း ခွင့်လွှတ်ပေးဖို့အတွက် မြောင်ထျန်းပေ အစား သူတို့က တောင်းပန်ခဲ့ကြသည်။

သူတို့၏ တတိယဦးလေးက သူတို့အား စောင့်နေခဲ့သည်။ သူတို့ စကားပြောခွင့်မရမီ သူက သူတို့အား အစွမ်းကုန် ကြိမ်းမောင်းတော့သည်။ သူမ၏သားအား ပညာမသင်ပေးတာက သူ့အား ထို့ကဲ့သို့ စိတ်ပျက်စရာဖြစ်စေသည့်အတွက် အမျိုးသမီးရှား အား သူက ဆူပူခဲ့သည်။ လူ့ကျင့်ဝတ်အရ မည်သို့မည်ပုံ လုပ်ဆောင်ရန်နှင့် ပြုမူရန်ကို သူမ၏ခင်ပွန်းဖြစ်သူအား သူမက ဘယ်တော့မှ အကြံမပေးသဖြင့် အမျိုးသမီးကျောက်ကိုလည်း ဇနီးကောင်းတစ်ယောက် မဖြစ်သည့်အတွက် သူက ဆူပူကြိမ်း မောင်းခဲ့သည်။ သူတို့ မတရားသဖြင့် အဆူခံနေရသည်ဟု သူတို့ နှစ်ယောက်စလုံးက တွေးခဲ့ကြသည်။ သူတို့၏ တတိယဦးလေးက တုံ့ပြန်သည့်အနေဖြင့် ဟန်လုပ်ပြုံးလိုက်ပြီး သူတို့ ပြန်သွားချိန်တွင် ဖြစ်ပျက်ခဲ့သော ဖြစ်ကြောင်းကုန်စင်ကို ပြောပြရန် သူ၏ အငယ်ဆုံး ချွေးမဖြစ်သူကို ပြောလိုက်သည်။

ပျော်ရွှင်ခြင်းဆီသို့ (MM Translation) Dropped❗Where stories live. Discover now