အမျိုးသမီးရှား ထောင်ချောက်ကို ဝင်တိုးမိသည်...

295 45 0
                                    

[Unicode]
ပျော်ရွှင်ခြင်းဆီသို့
အခန်း ၂၇ အမျိုးသမီးရှား ထောင်ချောက်ကို ဝင်တိုးမိသည်…

အမျိုးသမီးရှားက တတိယဦးလေး၏ အိမ်သို့ ဝမ်းပန်းတသာဖြင့် ရောက်လာခဲ့ပေမယ့် သူမ မျှော်လင့်မထားခဲ့သောအရာက သူမအား ကြိုဆိုလိုက်သည့် နီမြန်းသော မျက်နှာတစ်ခု ဖြစ်တော့သည်။

"မနက်ဖြန် ငါတို့ စီစဉ်ထားတဲ့ဟာအကြောင်းကို မင်း ဘယ်သူ့ကို ပြောခဲ့လဲ?" ဟု သူက မေးလိုက်သည်။

အမျိုးသမီးရှားမှာ အလန့်တကြားဖြစ်သွားတော့သည်။
"ဟင့်အင်း… ကျွန်မ မပြောပါဘူး! ဦးလေး… ဒီကိစ္စက လေးနက်တာကို ကျွန်မ ဘယ်လိုလုပ်ပြီး သဘောမပေါက်ပဲ နေပါ့မလဲ? ဒါက ပေါ့ပေါ့တန်တန် ထားရမယ့်ဟာမဟုတ်လို့ အဲ့ဒါအကြောင်း လူတိုင်းကို ကျွန်မက ဘယ်လိုလုပ်ပြီး လွယ်လွယ် ပြောနိုင်မှာလဲ?"

"ကောင်းတယ်"
သူက အနည်းငယ် သက်ပြင်းချကာ ခေါင်းညိတ်လိုက်သည်။

"ဒီလိုဆိုရင် ဘယ်သူ့ကိုမှ ပြောဖို့ မလိုတော့ဘူး။ ဒီအကြောင်းကို ငါတို့ အရင်က လုံးဝ မပြောဖူးခဲ့သလို နေကြရအောင်!"

"ဟမ်?"
သူမက ထစ်ထစ်ငေါ့ငေါ့ပြောရင်း သူမ၏ ပြူးကျယ်သော မျက်လုံးများဖြင့် ငေးကြည့်နေခဲ့သည်။
"ဟင့်အင်း… ဒါကို ပြောဖို့ မလိုတော့ဘူးလား? ဘာလဲ ဒါက ရှင် ဘာကို ဆိုလိုတာလဲ?"

"ငါ ဘာကိုဆိုလိုတာလဲ ဟုတ်လား? ဒါက မင်း အကြံအစည်ကို ရပ်ပြီး လက်လျှော့သင့်တယ်ဆိုတဲ့ သဘောပဲ! နားလည်လား?"
သူမ၏ တတိယဦးလေးက အေးစက်စွာဖြင့် မာဆတ်ဆတ် ပြောလိုက်သည်။

သူမက တုန်လှုပ်၍ စိတ်လှုပ်ရှားသွားခဲ့ပြီး မေးနေရင်း မျက်နှာက ဖြူဖျော့သွားတော့သည်။
"ဦးလေး… ဘာလို့လဲ? ဒါက စွေ့လန်အတွက် ကောင်းတဲ့ကိစ္စတစ်ခု
ဖြစ်မှာပါ။ သူက အရမ်း သနားစရာကောင်း--"

"တော်လောက်ပြီ!"
သူ ဒေါသပေါက်ကွဲသွားတော့သည်။

"မင်းယောက်ျားရဲ့ ဆန္ဒတွေကိုတောင် နားမလည်ဘဲ အခု ငါဘာလုပ်ရမယ်ဆိုတာကို မင်းက ပြောရဲတာလား? အမျိုးသမီးရှား… မင်း ဘယ်နေရာမှာ သေချာ စီစဉ်နေတာလဲ?"

ပျော်ရွှင်ခြင်းဆီသို့ (MM Translation) Dropped❗Where stories live. Discover now