ဦးလေးက ခိုးပြေးဖို့ စီစဉ်နေတာလား?

411 68 0
                                    

[Unicode]
ပျော်ရွှင်ခြင်းဆီသို့စာစဉ် ၁။ အခန်း ၁၂ ဦးလေးက ခိုးပြေးဖို့ စီစဉ်နေတာလား?

ပြီးခဲ့သောနွေရာသီက လူကြီးမင်းဝူနှင့် သူမ၏ဖခင်သည် သူတို့၏ ကစားပွဲမှ တောကောင်အသားများဖြင့် ပြန်လာခဲ့တာကို လုရှောင်ရှူး မှတ်မိခဲ့သည်။ ခြံဝင်းထဲတွင် ညစာကို တည်ခင်းထားပြီး စပျစ်ရိုင်းများနှင့် ပြုလုပ်ထားသော ဝိုင်တချို့ကို သူတို့ ပျော်ပျော်ပါးပါး ဖောက်ခဲ့ကြသည်။ မြောင်စွေ့လန်သည် အဖြူရောင်ကြွေခွက်ထဲသို့ လောင်းထည့်သောအခါ ဝိုင်ကိုစစ်ရန် သန့်စင်သော ချည်ပိတ်ကျဲစအား လေးလွှာခေါက်ပြီး အသုံးပြုခဲ့သည်။

၎င်းကို အလွန်နှစ်သက်ဖွယ်ကောင်းအောင် ပြုလုပ်သောအားဖြင့် ဝိုင်က အမြှုပ်ထကာ အနီရောင် ‌တဖိတ်ဖိတ်တောက်နေခဲ့သည်။ လူကြီးမင်းဝူသည် ရုတ်တရက် စိတ်ကူးယဉ်ကာ လုချီအား "တောက်ပသော ဖန်ခွက်များထဲက စံချိန်မီဝိုင်" ကဗျာအား ရွတ်ဆိုခိုင်းခဲ့သည်။ တကယ်တော့ လုချီက စာကျက်ရတာကို သဘောမကျသဖြင့် "ဂန္တဝင်အက္ခရာသုံးလုံး" နှင့် "ရာချီသော မိသားစုအမည်များမှ ဇာတ်လမ်းများ" အစရှိသော ပညာပေး စာအုပ်များကိုသာ သူက လေ့လာခဲ့သည်။ တစ်ခါတစ်ရံ လူကြီးမင်းဝူက သူတို့အား ရိုးရိုးကဗျာတချို့ကို ရွတ်ဆိုရန် သင်ကြားမှာဖြစ်ပေမယ့် လုချီက "ဂန္တဝင်အက္ခရာသုံးလုံး" ကို ရွတ်ဆိုရန်ပင် ပြဿနာရှိသောကြောင့် အပိုအိမ်စာများနှင့် ပတ်သက်ပြီး သူ လုံးဝ မေ့ထားခဲ့သည်။ ထို့အပြင် သူက စာမေးပွဲဖြေဖို့မလိုသော အိမ်စာကို လွယ်လွယ်ကူကူ လျစ်လျူရှုထားမှာ ဖြစ်သည်။

လုချီက ကဗျာရွတ်ခြင်း၌ အခက်အခဲတွေ့နေသဖြင့် အထစ်ထစ် အငေါ့ငေါ့ ဖြစ်နေခဲ့သည်။ သူ့မိခင်၏ စိန်းစိန်းဝါးဝါးအကြည့်ကို သတိထားမိသောကြောင့် သူပို၍ ကြောက်ရွံ့လာခဲ့သည်။ သို့သော်လည်း သူအစွမ်းကုန် တွေးလျှင်တောင်မှ သူ့စိတ်ထဲတွင် ကဗျာပေါ်လာစရာ အကြောင်းမရှိသောကြောင့် ၎င်းကို သူ မမှတ်မိနိုင်တာက သနားစရာပါပဲ

သူတို့အမေ၏ အမူအရာက ပိုဆိုးလာတာကို တွေ့သောအခါ လုရှောင်ရှူးက အဆိုပြုလိုက်သည်။

ပျော်ရွှင်ခြင်းဆီသို့ (MM Translation) Dropped❗Where stories live. Discover now