အမျိုးသမီးရှားကို နောက်ထပ်အိမ်ထောင်ပြုဖို့ အတင်းအကျပ်ခိုင်းခဲ့သည်...

334 63 0
                                    

[Unicode]

ပျော်ရွှင်ခြင်းဆီသို့
  အခန်း ၃၆ အမျိုးသမီးရှားကို နောက်ထပ်အိမ်ထောင်ပြုဖို့ အတင်းအကျပ်ခိုင်းခဲ့သည်…

အပြင်ဘက်မှ လာနေသော ခြေသံများကို သူတို့ ကြားနိုင်ခဲ့သည်။ ဆူညံသံများက နာရီသံတစ်ချက်ချက်မြည်နေသော အိမ်ထဲရှိ သူတို့အား သတိပေးနေခဲ့သည်။ ထိတ်လန့်မှုက သူမအား တုန်ရီအောင်လုပ်နေပြီး ကြောက်ရွံ့မှုက သူမ၏နှလုံးသားကို ဆုပ်ကိုင်ထားသဖြင့် သူတို့ နှစ်ယောက်ကြားရှိ အလိုရမ္မက်က ပျောက်ကွယ်သွားတော့သည်။

"အိုး ဘုရားရေ! ကျွန်မတို့ ဘာလုပ်သင့်လဲ?"

အမျိုးသမီးရှား၏ သွားများမှာ တဆတ်ဆတ်တုန်နေတော့သည်။ သူမ
၏မျက်လုံးများထဲတွင် ထိတ်လန့်မှုက အရောင်တောက်ကာ တုန်ယင်နေခဲ့သည်။
"အကြီးအကဲကျွီရမ်၏ မိခင်" ဖြစ်စေကာမူ မုဆိုးမသည်  အိမ်ထောင်ရေးဖောက်ပြန်မှုကို ကျူးလွန်နေခဲ့သည်။

သူတို့၏တတိယဦးလေးက သူမကို ဒေါသထွက်ပြီးသား ဖြစ်သည်။
ဤအကြောင်းကို တစ်ယောက်ယောက်က သိသွားခဲ့လျှင် သူမ၏တစ်ခုတည်းသော ရွေးချယ်စရာက သေခြင်းတရားပင် ဖြစ်ပေလိမ့်မည်!

သူမက အသက်(၃၈)နှစ် အရွယ်သာရှိ၍ ယခု သူမ မသေချင်သေးပေ!

"ငါအရင်ထွက်မယ်။ မင်း တစ်ခုခုကို စဉ်းစားသင့်တယ်။"
သားသတ်သမားဟူလည်း အလွန်အမင်း ကြောက်လန့်နေခဲ့သည်။

သူက ပြတင်းပေါက်မှ မရှောင်တိမ်းမီ သူ့ဖိနပ်များကို အလောတကြီး စီးလိုက်သည်။

"သူက ဒီမှာပဲ! ဟေး! အိမ်ဘေးကနေ သူထွက်သွားပြီ။ တစ်ခုခုပျောက်မပျောက် သွားစစ်ကြ!"

လူများက ထိတ်ထိတ်ပျာပျာဖြင့် အော်နေခဲ့ကြသည်။ သူတို့ထဲက တစ်ဝက်က  သားသတ်သမားဟူနောက်ကို လိုက်သွားပြီး ကျန်တစ် ဝက်က အခန်းထဲသို့ တရကြမ်း တိုးဝင်လာခဲ့သည်။

ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသော အဝတ်အစားများနှင့်  ရှုပ်ပွ နေသောဆံပင်များဖြင့် ကြောက်လန့်နေသော အမျိုးသမီးရှားကို သူတို့ တွေ့လိုက်ရသောအခါ သူတို့ အံ့ဩကာ အော်လိုက်ကြသည်။

ပျော်ရွှင်ခြင်းဆီသို့ (MM Translation) Dropped❗Where stories live. Discover now