မြို့သို့သွားခြင်း

460 71 0
                                    

[Unicode]
ပျော်ရွှင်ခြင်းဆီသို့
စာစဉ် ၁။  အခန်း ၈ မြို့သို့သွားခြင်း

"ဟဟ!"
မြောင်စွေ့လန်က ရယ်လိုက်ပြီး ကျေနပ်သောဟန်ဖြင့် သူမ၏ ယောက်ျားဖြစ်သူကို မျက်စိတစ်ချက်ဝေ့ကြည့်လိုက်သည်။ သူမက လုရှောင်ရှူးအတွက် ကြက်ဥပေါင်းတစ်ဇွန်းစာကို ခပ်ကာ ပြောလိုက်သည်။
"အမေ့ရဲ့ အဖိုးတန်သမီးလေးက ဒီလိုမျိုး လိမ္မာတဲ့ မိန်းကလေးပဲ!"

လုချီကလည်း သူ၏ ထမင်းပန်းကန်ကို ငုံ့စားနေရာမှ မော့ကြည့်ကာ ပြောလိုက်သည်။
"သားရဲ့ ဒုတိယညီမလေးက အရမ်းအံ့ဩဖို့ကောင်းတယ်! ရှောင်းယွီက သားရဲ့ပထမညီမလေးကို အနိုင်ကျင့်လို့ သား သူ့ကို ရိုက်ချင်ခဲ့တာ ကြာလှပြီ! ဒါပေမယ့် သားက ယောက်ျားလေးတစ်ယောက်ဖြစ်နေတော့ သူ့အပေါ်ကို လက်တစ်ချောင်းတင်ဖို့ဆိုတာက ကျွန်တော့်အတွက် ခက်ခဲလိမ့်မယ်။"

သူ၏ ဇနီးဖြစ်သူက အလွယ်တကူ သိမ်းသွင်း၍ရသောသူမဟုတ်သလို သူ့သားက အဆော့သန်ပြီး မွေးစားထားသော သမီးကလည်း သူ့ဇနီး၏ စရိုက်နှင့် တူပုံရသောကြောင့် လုကျုံးမှာ ဘာမှ မတတ်နိုင်သည့်ပုံ ပေါက်သွားတော့သည်။  သူမလို ကောင်မလေး သေးသေးလေးက အလွယ်တကူ အနိုင်ယူ၍ရသောသူ မဟုတ်ကြောင်းကို ပြသနေခဲ့လေပြီ။ တကယ်တော့ နေရာမှန်မှာ မရှိသော သူများက အတူတူနေမှာ မဟုတ်ပေ!
"ရှူး!"
မြောင်စွေ့လန်က သူ့သားကို စိုက်ကြည့်ပြီး ဒေါသတကြီး ဆူပူကြိမ်းမောင်းလိုက်သည်။

"မင်းက ကျောင်းသားတစ်ယောက်နော်။ ကျောင်းသားတစ်ယောက်က မင်းဦးလေးလိုမျိုး နူးညံ့သိမ်မွေ့ဖို့ လိုတယ်။ မနာဂတ်မှာ မင်းက အနည်းဆုံး ပညာရှင်တစ်ယောက် ဖြစ်လာဖို့လိုလို့ တခြားသူတွေကို ရိုက်နှက်တာလိုမျိုး စကားတွေကို လျှောက်မပြောရဘူး။ ဒါကို လူကြီးမင်းဝူက မင်းကို သင်ပေးခဲ့တာလား? တခြားသူတွေကို ရိုက်ဖို့ မင်းကို သူက သင်ပေးခဲ့တာလား?"

လုကျုံးက နား‌ထောင်နေပြီးနောက် ခေါင်းညိတ်ကာ ပြောချင်တာကို ထပ်ဖြည့်လိုက်သည်။
"မင်းအမေပြောတာကို ကြားလား?”

မြောင်စွေ့လန် ဆက်ပြောမှာကို ဘယ်သူက သိမှာလဲ။
"တခြားသူတွေနဲ့ဆိုရင် မင်း အရင်ဆုံး အကြောင်းပြချက်ကို ရှာဖို့လိုတယ်။ အခြေအနေက အကြောင်းပြချက်ရှာလို့ မရနိုင်ဘူးဆိုရင် မင်း ရှေ့ဆက်ပြီး သူတို့ကို ရိုက်နိုင်တယ်!"

ပျော်ရွှင်ခြင်းဆီသို့ (MM Translation) Dropped❗Where stories live. Discover now