ဖုန့်ယဲ့ရွာ၏ ကျောင်းသူများ

254 38 0
                                    

ပျော်ရွှင်ခြင်းဆီသို့ အခန်း၄၀ ။ ဖုန့်ယဲ့ရွာ၏ ကျောင်းသူများ

ညီအစ်မနှစ်ယောက်သည် ပစ္စည်းများအား စီစဉ်နေသော လူကြီးမင်းဝူကို စောင့်ကြည့်ရင်း သူတို့၏အကြည့်ကို သူ့ထံ၌ စူးစိုက်ထားခဲ့ကြသည်။ လုရှောင်ရှူးက သူ့ကိုယ်သူ ပြန်လည်လန်းဆန်းလာစေရန် သူမ၏ အင်အားအားလုံးကို အသုံးပြုခဲ့စဉ် ရှောင်ရွှယ်၏ မျက်လုံးများမှာတော့ မျှော်လင့်စောင့်စားမှုနှင့် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

လူကြီးမင်းဝူက လက်ကိုနောက်ပစ်၍ ထရပ်ကာ ပြုံးလိုက်သည်။

"ကောင်းပြီ။ ငါ့နောက်လိုက်ခဲ့ကြ။"

နှစ်ယောက်သား လက်ခံလိုက်ကြပြီး သူ့နောက်မှ လိုက်သွားခဲ့ကြသည်။

ပင်မအဆောက်အဦး၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပေမယ့် သီးခြား တည်ဆောက်ထားသော ဝါးအိမ်တစ်လုံးဆီသို့ သူတို့အား သူက ဦးဆောင်ခေါ်သွားခဲ့သည်။ အိမ်၏နံရံတစ်ဘက်ကို ပင်မ အဆောက်အဦးနှင့် တွဲထားပေမယ့် ကျန်နံရံသုံးဘက်ကိုတော့ ပြတင်းပေါက်များ ဖွင့်ထားခဲ့ပြီး အတန်းလေးတန်းတွင် စားပွဲနှင့် ကုလားထိုင် ရှစ်စုံရှိသည်။ ထို့အပြင် စားပွဲစွန်းတစ်ခုစီပေါ်၌ စုတ်တံတစ်ချောင်း၊ မင်၊ စက္ကူနှင့် အပြာရောင်စာအုပ်ပါးတစ်ခုစီ ရှိလေသည်။ သူက ၎င်းကို စောစောစီးစီး ကြိုတင်ပြင်ဆင်ထားပုံပါပဲ။ သူမ၏မိခင်နှင့် လူကြီးမင်းဝူက ဤအရာကို အစောထဲက ပြင်ဆင်ထားခဲ့သည်ဟု သူမ၏စိတ်က သူမအား ပြောလိုက်သဖြင့် အပြင်အဆင်သည် လုရှောင်ရှူးကို ပို၍ပင် စိတ်ဓာတ်ကျသွားစေခဲ့သည်။ လူကြီးမင်းဝူက သူမအား တစ်ချက်ကြည့်လိုက်ပြီး မျက်နှာမဲ့ကာပြောလိုက်သည်။

"အင်း... မင်းထိုင်ချင်တဲ့ ဘယ်ခုံမဆိုကို ရွေးပြီး ထိုင်နိုင်တယ်။ ငါကဆရာတစ်ယောက်ပဲ။ ပြီးတော့ ဒါတွေအားလုံးကို ပြင်ဆင်ရတာက ရိုးရှင်းပါတယ်။ ဒါတွေကို ကြိုတင်ပြင်ဆင်ထားပြီး သားမို့လို့ ငါ တမင်ထပ်ပြင်ဆင်စရာ မလိုပါဘူး။"

လုရှောင်ရှူးက သူမ၏အတွေးများအား ဖော်ထုတ်လိုက်တာကို နားထောင်ရတဲ့အတွက် ထိတ်လန့်အံ့ဩသွားခဲ့သည်။ ထို့နောက် သူမ၏ စိတ်ခံစားချက်များက ငြိမ်သက်သွားပြီး သူမ၏အမနှင့်အတူ ထိုင်ခုံတစ်လုံးကို ကျိုးကျိုးနွံနွံဖြင့် သွားရှာသွားခဲ့သည်။

ပျော်ရွှင်ခြင်းဆီသို့ (MM Translation) Dropped❗Where stories live. Discover now