စပျစ်သီးများ ခူးဆွတ်ခြင်း

190 29 0
                                    

[Unicode]
ပျော်ရွှင်ခြင်းဆီသို့အခန်း ၅၀ ။ စပျစ်သီးများ ခူးဆွတ်ခြင်း

မြောင်စွေ့လန်က သူမ၏ မျက်ခုံးများကို တွန့်၍ ဝေဖန်ပြစ်တင်ခဲ့သည်။

"ဒါက တော်တော်ဝေးတဲ့နေရာပဲ။ မင်း ဘာလို့ အဲ့ဒီမှာ တစ်ယောက်ထဲ သွားတာလဲ?"

"အဲ့ဒါက သမီးတို့ရဲ့ သစ်တောလေ။ ပြီးတော့ အဲ့ဒီနေရာကို သမီး အတော်လေး ရင်းနှီးပါတယ်။"

လုရှောင်ရှူးက ပြုံး၍ သူမ၏မိခင်ထံသို့ အကူအညီပေးဖို့ သွားလိုက်သည်။

"အမေ... အဲ့ဒါကို သမီး ကူညီပေးပါရစေ။ စိုက်ခင်းထဲမှာ မုန်လာထုပ်ကြီးကြီး တစ်ခုတစ်လေများ ကျန်သေးလား?"

"ရှိတယ်။ ရှောင်ရွှယ် စိုက်ခင်းထဲမှာ ရှိသေးတယ်။ မင်း အဲ့ဒီကို သွားလိုက်။"

မြောင်စွေ့လန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။

"ဟုတ်ကဲ့!"

လုရှောင်ရှူးက ထိုနေရာကို သွားရင်း အပြုံးတစ်ခုနှင့် ပြန်ပြောခဲ့သည်။

ထိုမုန်လာထုပ်များအားလုံးသည် သူတို့ ပတ်ပတ်လည်၌ အစိမ်းရောင် အရွက်ဖားဖားများ ဖြာထွက်လာခဲ့ပေမယ့် မြေအောက် အမြစ်များနှင့် ပင်စည်ကြီးများက ဆားရည်စိမ်ခြင်းအတွက် ပြီးပြည့်စုံခဲ့သည်။ နှစ်တိုင်း ဧပြီ (သို့မဟုတ်) မေလဝန်းကျင်တွင် မြောင်စွေ့လန်က ထိုအရာများ စိုက်ပျိုးဖို့အတွက် ရည်ရွယ်ချက်ရှိရှိဖြင့် မြေတစ်ကွက်ကို ရှင်းမှာဖြစ်သည်။

ဆောင်းဦးရာသီရောက်သောအခါ သူတို့က မုန်လာထုပ်များ အားလုံးကို ရိတ်သိမ်းဖို့ နေ့ကောင်းရက်သာတစ်ရက်ကို ရွေးချယ်ပြီး မြေစာများတွယ်ကပ်နေသော အမြစ်များအား ဖြတ်ထုတ်ပစ်ခဲ့သည်။

ထို့နောက် သူတို့က မုန်လာထုပ်ကို ဒေါင်လိုက် လေးစိတ်စိတ်ပြီး နေရောင်အောက်တွင် အခြောက်ခံဖို့ စီစဉ်မှာဖြစ်သည်။ နှစ်ရက်ကြာ အခြောက်ခံပြီးနောက် ဟင်းရွက်များမှာ တစ်ဝက်တစ်ပျက် ညှိုးသွားခဲ့သည်။ မိသားစုက ဟင်းရွက်များအား အိမ်ကို ယူလာမှာဖြစ်ပြီး သူတို့အပေါ်ကို ဆားကြမ်းမပွတ်မီ သူတို့အား ရေ သေသေချာချာ ဆေးမှာဖြစ်သည်။

ပျော်ရွှင်ခြင်းဆီသို့ (MM Translation) Dropped❗Where stories live. Discover now