ပြဿနာက မြောင်ထျန်းပေနောက်ကို လိုက်သည်...

328 62 0
                                    

[Unicode]
ပျော်ရွှင်ခြင်းဆီသို့

အခန်း ၁၇ ပြဿနာကမြောင်ထျန်းပေနောက်ကို လိုက်သည်...

မြောင်စွေ့လန်က တို့ဟူးအရောင်းထွက်နေစဉ် လုကျုံးက လယ်စိုက်ဖို့ ထွက်သွားခဲ့ပြီဖြစ်သည်။ သူမနှင့် မိန်းကလေးငယ်နှစ်ယောက်သာ အိမ်၌ ကျန်နေရစ်သောကြောင့် သူတို့ ဘာလုပ်သင့်လဲ?

"အဒေါ်... အဒေါ်! ဒီတစ်ခါ ဒီလူဆိုးကြီးကို သမီးတို့ ဘာလုပ်ရမှန်း မသိဘူး။ အဒေါ်... အိမ်နောက်မှာ အမြန် သွားပုန်းနေလိုက်!" ဟု လုရှောင်ရှူးက အလောတကြီးဖြင့် တိုက်တွန်းလိုက်သည်။

ထုံယွီအာကို ထိုအရာက လွှမ်မိုးသွားပြီး သဘောကျသွားတော့သည်။ ၎င်းက သူမ၏ စိုးရိမ်မှုကို လျော့ကျသွားစေခဲ့ပြီး သူမကို တခိခိရယ်မောစေခဲ့သည်။

"ဒါပေမယ့် အခု သူက ဒီကိုရောက်လာတော့ သမီးတို့က ဘာလုပ်မှာလဲ?"

"စိတ်မပူပါနဲ့! သမီးတို့က ကလေးတွေပဲမို့လို့ သမီးတို့ကို သူ ဘာလုပ်နိုင်မှာလဲ? သူ မကောင်းတာတစ်ခုခု လုပ်ရဲတယ်ဆိုရင် သမီးက ခွေးနဲ့ရှူးတိုက်မှာ! အဒေါ် သူက သမီးတို့ဆီကို ခိုးလာတာမို့လို့ လိုရမည်ရ တံခါးကို အမြန်ပိတ်ပြီး အခု သွားပုန်းနေလိုက်!" ဟု လုရှောင်းရှူးက ဒေါနှင့်မောနှင့် ထပ်ပြောလိုက်သည်။

၎င်းကို အနည်းငယ်စဉ်းစားကြည့်လိုက်ပြီးနောက် ၎င်းက ယုတ္တိရှိသည်ဟု ထုံယွီအာလည်း ခံစားလိုက်ရသည်။ လုရှောင်ရှူးသည် သူမကိုယ်သူမ ဘာမှ အထိခိုက်ခံမည့်သူ မဟုတ်ပေ။ ထို့အပြင် မြောင်ထျန်းပေက သူတို့နှစ်ယောက်ကို ဘာမှမလုပ်နိုင်သောကြောင့် သူမက လက်ခံလိုက်သည်။

"ကောင်းပြီလေ။ အဒေါ်အရင်ပုန်းလိုက်မယ်။ မင်းတို့နှစ်ယောက် အဆင်ပြေပါစေ။ သူက မင်းတို့ကို အနိုင်ကျင့်ရင် အော်သာ အော်လိုက်။ အဒေါ် နောက်မှာ ရှိမယ်။ ဟုတ်ပြီလား?"

"ဟုတ်ကဲ့ ! သမီးတို့ နားလည်ပါတယ်!"

လုရှောင်ရှူးက ခေါင်းညိတ်ကာ ပြောလိုက်သည်။

ထုံယွီအာက တံခါးကို အမြန်ပိတ်လိုက်ပြီး နောက်ဖေးသို့ ပြေးသွား တော့သည်။ ထိုအချိန်တွင် လုရှောင်ရှူးနှင့် ရှောင်ရွှယ်တို့က စပျစ်ပင်အောက်က ဖျာပေါ်၌ ကစားနေခဲ့ကြသည်။

ပျော်ရွှင်ခြင်းဆီသို့ (MM Translation) Dropped❗Where stories live. Discover now