မြောင်ထျန်းပေ လူတိုင်းကို စော်ကားသည်...

276 52 0
                                    

[Unicode]
ပျော်ရွှင်ခြင်းဆီသို့
  အခန်း ၃၁ မြောင်ထျန်းပေ လူတိုင်းကို စော်ကားသည်…

တောက်ပသောအပြုံးက သူတို့၏ ပဉ္စမဦးလေး၊ တတိယ ဦးလေးနှင့် သူ၏ အကြီးဆုံးသားအပေါ်တွင် တောက်ပလာခဲ့သည်။ မြောင်ချူးဟယ်သည် ယခင်ထဲက သူတို့နှင့် ထိုကိစ္စကို ဆွေးနွေးပြီးသား ဖြစ်သောကြောင့် သူ၏ ကြေညာချက်က သူတို့အား အထိတ်တလန့် မဖြစ်စေခဲ့ပေ။ သို့သော် သူတို့ကိုယ်တိုင် ကြိုတင် ပြင်ဆင်ထားခဲ့ပေမယ့် ထိုအကြောင်းကို မြောင်ချူးဟယ်က လူတိုင်းအား ပြောပြတာကို ကြားလိုက်ရသောအခါ သူတို့ အလွန်အမင်း ပျော်ရွှင်သွားခဲ့ရသည်။

ထို့အပြင် သူတို့က ခုလေးတင် အတော် သောက်ထားခဲ့ကြပြီး ဝမ်းသာခြင်းနှင့်အတူ သူတို့၏မျက်နှာကို နီမြန်းစေပြီး အပျော်နှင့် အတူ သူတို့၏ မျက်လုံးများကို တစ်လက်လက် တောက်ပအောင် ပြုလုပ်နေတော့သည်။

‘ဒါဆို လူကြီးမင်းဝူက ငါ့ဦးလေးကို ပေးခဲ့တာ ဒီအကြံပေါ့! ဒါက လက်ဖျားခါလောက်ပါတယ်!’ ဟု လုရှောင်ရှူးက သူမဟာသူမ တွေးရင်း ဩဘာပေးခဲ့သည်။

‘ဒါကြောင့် မြောင်မိသားစုရဲ့ရွာမှာရှိတဲ့ လူတိုင်းက ငါ့ဦးလေးကို ကျေးဇူးတင်ကြလိမ့်မယ်။ ပြီးတော့ သူ့ရဲ့ ဂုဏ်သတင်းက သိသိသာသာ တိုးလာလိမ့်မယ်! ငါ့ဦးလေးက အမျိုးသမီးရှားနဲ့ ပြဿနာတစ်ခုခုရှိခဲ့ရင် မျိုးနွယ်စုထဲက လူတိုင်းက ငါ့ဦးလေးဘက်မှာ သေချာပေါက် ရှိမှာမို့လို့ ဘယ်သူ့ကို ဂရုစိုက်ရမှာလဲ? အမျိုးသမီးရှားနဲ့ သူ့သားက သူ့ကို ဘယ်တော့မှ ပြဿနာထပ်ရှာရဲမှာ မဟုတ်တော့ဘူး! ဥစ္စာဓနတွေက ငါ့ဦးလေးရဲ့ ပိုင်ဆိုင်မှုထဲမှာ မရှိသေးပေမယ့် အနည်းဆုံးတော့ မျိုးနွယ်စုဝင်တွေရဲ့ ကျေးဇူးအတွက် ဖလှယ်ဖို့ အဲ့ဒါကို သူက ပေးပစ်ခဲ့တယ်။ အဲ့ဒါက အမျိုးသမီးရှားနဲ့ သူသားရဲ့ ယုတ်မာတဲ့ စိတ်ကို လက်ခံတာထက် အများကြီး ပိုကောင်းတယ်။ သူတို့က ငါ့ဦးလေးကို ကျေးဇူးမတင်ပဲ အားလုံးကို ယူပြီး  အရမ်းနည်းတယ်လို့ စောဒကတက်ကြမှာ။’

လုရှောင်ရှူးသည် သူ့ဟာသူ ဇာတ်ရည်လည်လာသော ဇာတ်လမ်းကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေခဲ့ပြီး သူမထွက်သွားပြီးနောက် ထိုနေရာတွင်  ဇာတ်လမ်းများ ထပ်ရှိလာလိမ့်မယ်ဆိုတာကို အမျိုးသမီးရှား သိခဲ့ပါက သူမ စောစောစီးစီး ထွက်သွားတာကို အလွန်နောင်တရမှာ မဟုတ်ပါလားဟု တွေးနေမိခဲ့သည်။

ပျော်ရွှင်ခြင်းဆီသို့ (MM Translation) Dropped❗Where stories live. Discover now