[Unicode]
ပျော်ရွှင်ခြင်းဆီသို့အခန်း ၄၇ ။ ရှင်ဘာဖြစ်တာလဲ?"ရှင်ဘာဖြစ်တာလဲ?"
လုရှောင်ရှူးက ခွက်ထဲမှ လက်ဘက်ရည်ကို မော့သောက်၍ စားပွဲလေးပေါ်တွင် တင်ထားလိုက်သည်။ သူမက သူမ၏ အင်္ကျီလက်ကိုမြှောက်၍ ပါးစပ်ကို သုတ်လိုက်ပြီး လင်းဖန့်ကို စိတ်ပျက် လက်ပျက်ဖြစ်သွားနေသည်။
"ဘာမှမဖြစ်ပါဘူး!"
လင်းဖန့်က အပြစ်တင်သံ၌ ထိတ်လန့်သွားပြီး သူ၏မျက်နှာတွင် စိုးရိမ်ပူပန်မှုကို ပြသခဲ့သည်။
"ငါ... ငါ က မေးလိုက်ယုံပါ ..."
"ကြည့်! ရှင် မေးယုံသက်သက်ပဲဆိုရင် ဘာလို့ ရှင် ကြောက်နေရတာလဲ?"
အချိုပွဲဘူးကို ကိုင်ထားရင်း စိတ်အနှောင့်အယှက်ဖြစ်ကာ ကြောင်အမ်းအမ်းဖြစ်သွားသော သူ့အား တွေ့သောအခါ ၎င်းနှင့် ပတ်သက်၍ သူမ စိတ်မကောင်းဖြစ်သွားပြီး နီရဲရဲဖရုံစေ့တစ်ခုကို အမြန် ယူလိုက်သည်။
"ဒီဟာတွေကို ကောင်းကောင်း လုပ်ထားတာပဲ။ ဒါတွေအားလုံးကို ကျွန်မ ကြိုက်တယ်!"
ထိုအခါ လင်းဖန့်၏ အမူအရာက အသက်ဝင်လာပြီး သူက ပြုံးလိုက်သည်။
"မင်း ဒါကို ကြိုက်လို့ ငါ ဝမ်းသာပါတယ်! နောက်တစ်ခါ ဒါတွေ တစ်ခုချင်းစီတိုင်းကို ငါ ကြိုပြင်ပေးထားမယ်!"
လုရှောင်ရှူးသည် ပြတင်းပေါက်ကို မှီ၍ ဖရုံစေ့ခွံကို အပြင်သို့ လွှင့်ပစ်ပြီး ဟိုဟိုသည်သည် ကြည့်ကာ အနားယူရင်း အကြောင်း အရာကို ဆက်မပြောတော့ပေ။
"ရောက်ဖို့ ဘယ်လောက်ကြာမှာလဲ?"
လင်းဖန့်က ပိုနီးအောင် ရွှေ့လိုက်ရင်း အချိုပွဲဘူးကို ပြန်ချကာ ရယ်လိုက်သည်။
"မကြာတော့ပါဘူး။ ငါတို့ အဲ့ဒီကို ရောက်ခါနီးပါပြီ!"
သူက သူမအား တိတ်တခိုး ကြည့်လိုက်သည်။ ထို ကွာစေ့များကို မြုံ့နေသော ချစ်စရာ ပါးစပ်သေးသေးလေး၊ နီရဲနေသော ထိုနှုတ်ခမ်းများနှင့် သွားဖြူဖြူလေးများကို တွေ့လိုက်ရချိန်တွင် သူတို့အားလုံးက အလွန် ဆွဲဆောင်မှု ရှိတော့သည်။ သူမ၏ ဘဲဥပုံ မျက်နှာလေး၊ ဖောင်းဖောင်းမို့မို့ ပါးနီနီလေးများနှင့် ချောမွေ့သော အသားအရေက သူ့အား လက်လှမ်း၍ လိမ်ညှစ်ချင်လာအောင် ပြုလုပ်နေတော့သည်။ သူက တံတွေးကို မျိုချရင်း အရူးအမူးချစ်ခြင်း နှင့်အတူ ခဏတာမျှ ငေးကြည့်နေခဲ့သည်။