ယွန်းဂီ တစ်ယောက်အိမ်ရောက်တာနဲ့ ရေမိုးချိုးပြီး အဝတ်အစား ဝတ်ကာ ဂျောင်ဂုကို ကြည့်နေမိတယ်။လက်တော့ပ် တတောက်တောက်နဲ့ နှိပ်ကာ အလုပ်ရှုပ်နေတဲ့ ဂျောင်ဂုက အရမ်းချောတာ။တစ်ခုခုကို စိတ်ဝင်တစား လုပ်နေတဲ့ ဂျောင်ဂုက အရမ်း ကြည့်ကောင်းလွန်တယ်။ယွန်းဂီဟာ သူရဲ့ ဘယ်ဘက် ရင်ဖက်ကို လက်တင်ထားမိတယ်။
*အား ငါရင်တွေ အရမ်းခုန်နေတယ်။ဘာလို့ အရမ်းချောနေတာလဲကွာ ဟွန့်*
ဂျောင်ဂုတစ်ယောက် လက်တော့ပ် နဲ့ အလုပ်ရှုပ်နေမိတယ်။ဘာကြောင့်လဲဆိုတော့ သူမိဘတွေ သူနဲ့ ယွန်းကို သဘောမတူရင် သူအိမ်ကနေထွက်လာပြီး ယွန်းဂီနဲ့အတူ နှစ်ယောက်ထဲနေမယ် အဲ့ဒီအတွက် ပိုက်ဆံ လိုတယ်။
*ဟာ အလုပ်ခေါ်စာလည်းမတွေ့ဘူး တကယ်ပါပဲ*
ဂျောင်ဂုတစ်ယောက်ဆံပင်ကို သပ်တင်ကာ အသံထွက်အောင် ကျစ်သပ်မိတယ်။
"ကျစ်"
ယွန်းဂီက ဂျောင်ဂု ကျစ်သပ်သံကြောင့် ဂျောင်ဂုနားကို လျှောက်လာလိုက်တယ်။
"ဘာဖြစ်လို့လဲ ဂျောင်ဂု ဘာတွေစိတ်ညစ်နေတာလဲ"
ဂျောင်ဂုတစ်ယောက်သူနားကို တီရှုပ် အဖြူတစ်ထည် ဘောင်းဘီအတို လေးကိုဝတ်ကာ အနားမှာစကားလာပြောနေကြောင့် ငေးနေမိတယ်။အခုမှရေချိုးထားတာဆိုတော့ ယွန်းဂီ ရဲ့ အနံလေးက အရမ်းမွှေးနေတယ်။ဂျောင်ဂုတစ်ယောက် ယွန်းဂီကို ခါးမှဆွဲဖက်လိုက်တယ်။
"အင့် ဘာလုပ်တာလဲ"
ဂျောင်ဂုရုတ်တရက် ဆွဲဖက်တာမို့ ယွန်းဂီလန့်သွားမိတယ်။မကြာပါဘူး ဂျောင်ဂုဟျာက်မှောက်ကိုကြုတ်ပြီး ယွန်းဂီကို သူပေါင်ပေါ် ကို ဆွဲတင်လိုက်တယ်။
"ဘယ်လို ခေါ်တာ"
"ဟမ်"
ယွန်းဂီတစ်ယောက် ဂျောင်ဂုကို ကြည့်နေတယ်။သူနားနလည်ပါ ဂျောင်ဂုဘာပြောလဲဆိုတာ။
"ဘာလို့ ဂျောင်ဂုလို့ခေါ်တာလဲ"
"အဲ့ လို မခေါ် လို့ ဘယ်လိုခေါ်ရမှာလဲ ဂျောင်ဂုနာမည်က ဂျောင်ဂုလေ အဲ့ တော့ဂျောင်..."