ဂျောင်ဂု တစ်ယောက် company မှာ စိတ်ရှုပ်နေတယ်။
"ဘာလို့လဲ hyung ရဲ့"
"သူအိမ်ကို သူတို့သိနေတယ်လေ အကြောင့် မင်း အိမ်မှာ လိုက်နေခိုင်းရတာ"
"အဆို hyung အိမ်ကို ခေါ်သွားလိုက်လေ"
"မရလို့ပေါ့ကွ ဂျင်နဲ့ ငါနဲ့က ရန်ဖြစ်ထားတာ အခုတောင်ချော့ရအုန်းမှာ။သူကို အိမ်ခေါ်သွားရင် ပိုဆိုးသွားလိုက်မယ်"
"ဟာဗျာ"
အကြောင်းအရင်းမှာ ဆိုရာ ရဲ့ ပရိတ်သတ် တစ်ယောက်ဟာ သူမရဲ့ အိမ်ကို သိသွားပြီး ခြိမ်းခြောက် ခံထားရတာကြောင့် သူမကို ဂျောင်ဂုရဲ့ အိမ်မှာ လိုက်နေခိုင်းခြင်းကို စိတ်ညစ်နေတာပါ။
"ဟို ဆိုရာ သူငယ်ချင်းအိမ်မှာပဲနေလိုက်ပါ့မယ်။"
"မရဘူး ဆိုရာ နေလို့မရဘူး၊နင် အန္တာရာယ် ဖြစ်သွားရင် ဘာလို့လုပ်မလဲ"
"ကျစ် ပြီးရောဗျာ ခေါ်သွားလိုက်မယ်။ရပြီးလား"
ဂျောင်ဂုဟာပြောပြီး အခန်းထဲက ထွက်လာလိုက်တယ် ဆိုရာလည်း နမ်ဂျွန်းကို နှုတ်ဆက်ကာ လိုက်လာခဲ့လိုက်တယ်။
ဟိုဆော့ကတော့ company မှာပတ်ပြေးနေရတယ်။အကြောင်းရင်းမှာ
*အားးး ဘာလို့ငါ့နောက်ပဲလိုက်နေတာလဲ စိတ်ညစ်စရာ*
"ဒီမှာ Vရှီး "
"ဟုတ်ကဲ့"
"ခင်များ အလုပ်မရှိဘူးလား"
"ရှိတယ်လေ"
" ဒါဆို အလုပ်သွားလုပ်လေ၊ဘာလို့ ကျွန်တော်နောက်လိုက်နေရတာလဲ၊ခင်များလည်း မအားဘူး ကျွန်တော်လည်း မအားဘူးလေ"
"ဘာလို့လဲဆို မင်းကို ကြိုက်လို့လေ"
နားနားကပ်ပြောတဲ့ Vကြောင့် ဟိုဆော့မှာ ကြက်သီးတောင်ထမိတယ်။တစ်ဆက်တည်း ပြောလိုက်တဲ့ မင်းကို ကြိုက်လို့လေ ဆိုတဲ့ စကားကြောင့်လူဟာ ကျောက်ရုပ်လိုရပ်နေမိပြီး အဲ့စကားကိုပဲ ထပ်ထပ်ခါခါကြားနေမိတယ်။
Vကတော့ ပြောချင်တာပြောပြီးသွားတော့ ထွက်သွားတယ် မသွားနိုင်တာ ဟိုဆော့ပါ။အဲ့နေရာ ဒီတိုင်းရပ်နေမိတယ်။