part 20

110 11 1
                                    

ယွန်းဂီတစ်ယောက် ပျော်ပျော်လွန်းလွန်းလို့ မျက်ရည်တောင်ကျမိတယ်။ဒါကို ဂျောင်ဂုက တွေ့တော့ မျက်ရည်တွေကို လက်မသုံးကာ သုတ်ပေးတယ်။ပြီးတော့ ယွန်းဂီ လက်ထဲ ပန်းစည်းကို ထည့်ပေးပြီး ကိုင်ခိုင်းလိုက်တယ် ပြီးတာနဲ့ ဒူးတစ်ထက်ထောက်ကာ လက်စွပ်ဖူး အဖုံးဖွင့်ပြီး တစ်ဖက်က ကိုင်ကာ တစ်ဖက်ကတော့ မိုက်ကို ကိုင်ပြီး

"မောင် ကို လက်ထပ်နိုင်မလား ယွန်း"

ယွန်းဂီ ဂျောင်ဂုရဲ့ စကားကြောင့် မျက်ရည်များကျလာတယ်။ဒါကြောင့်လက်တစ်ဖက်နဲ့ ပါးစပ်ကို ပိတ်ကာ ခေါင်းငြိမ့်ပြတယ်။ဂျောင့်ဂု ဒါကို

"ခေါင်းမငြိမ့်ပဲ ပါးစပ်ကနေ ပြောပေးပါလား မောင်ရဲ့ ယွန်း"

ဒူးထောက်ရင်းကနေ ယွန်းဂီ ရှိ မိုက်ကို ထိုးပေးလိုက်တယ်။ယွန်းဂီကလည်း မိုက်ကိုကိုင်ကာ

"ယွန်း ဟင့် ယွန်းလက် ဟင့် ခံပါတယ်။ယွန်း ဟင့် မောင်ကို ဟင့် လက်ထပ်ပါမယ်။"

ယွနါးဂီရဲ့စကားဆုံးတာနဲ့ အားလုံးပ လက်ခုပ်တီးကျတယ်။ဟိုဆော့ ကတော့ ဖာသာကို သွားခေါ်ပြီး ပြန်လာလိုက်တယ်။

"ဘာလို့ ငိုနေတာလဲ ယွန်းရဲ့"

"ဟင့် အီး ဟီး ဝမ်း ဝမ်းသာလို့။နောက်ဆုံးတော့ မောင်နဲ့ ဟင့် အတူ နေရတော့မယ်။ယွန်းလေ မောင်ကို အရမ်း ခိစ်တာပဲ မောင်ရယ်"

"ဟုတ်ပါပြီးဗျာ့။မငိုနဲ့နော် တိတ်နော်"

ဖာသာကတော့ သူရှေ့မှာ ကြည်နူးနေတဲ့ နှစ်ယောက်ကိုကြည့်ကာ ချောင်းဟုန့်လိုက်တယ်။

"အဟမ်း ဒါကို အခမ်းအနားကို စကြရအောင်"

လီရာက တက်လာပြီး ယွန်းဂီနဲ့ ဂျောင်ဂုလက်ထဲကို မိုက် တစ်ယောက်တစ်ခုပေးလိုက်ပြီး တိုးတိုးလေး

"တစ်ဝိုင်းနော် oppa တို့"

လဌရာပြောတာကို ယွန်းဂီက ပြုံးကာ

"အင်း သေချာပေါက် ကျွေးမှာ"

လ‌ီရာလည်း စားပွဲခုံရှိ ပြန်သွားလိုက်တယ်။

"အဟမ်း၊ဒီက သတို့သား ဂျွန်ဂျောင်ဂုက ဒီဖက် ကသတို့သား မင်ယွန်းဂီအား  တစ်သက်လုံး ပေါင်းသင်းသွားနိုင်သလား"

မောင့်က ငါကို မယုံဘူးWhere stories live. Discover now