part 19

111 12 3
                                    

ဂျောင်ဂုတို့ ခမ်းမဆီရောက်တော့

"ယျောင့် အရင်ဝင်သွားလိုက်ငါ ကားပါကင်ထိုးပြီး ပန်းစည်းနဲ့ လက်စွပ်ဘူးယူပြီးလာခဲ့မယ်"

"ငါကိုပေး ပန်းစည်းနဲ့ လက်စွပ်ဘူးက၊မင်းနဲ့ဆို စိတ်မချရဘူး"

"ဘာကွ။ဟင်း ဟင်း ‌မင်းနော် မင်း ရော့ရော့ရော့ သွားတော့၊ဧည့်သည်တွေရောက်နေလောက်ပြီး"

"ဘယ်သူတွေကို ဖိတ်ထားတာလဲ"

ဟိုဆော့တစ်ယောက် ဒေါသထွက်လာပြီး။သူကို ဝင်ခိုင်းနေတာမဝင်ပဲ လူကို လာစစ်နေတယ်။

"‌ငါလဲ မသိဘူးဟေ့ ။လီရာ ဖိတ်ထားတာ"

ဟိုဆော့ တစ်ယောက် စိတ်မရှည်တဲ့လေသံဖြင့်ပြန်ပြောလိုက်တယ်။

"အော်အေး ငါဝင်ပြီး"

"အေးအေး"

ဂျောင်ဂုဝင်သွားမှ ဟိုဆော့လည်း ကားကို ပါကင် ထိုးဖို့လုပ်လိုက်တယ်။

ဂျောင်ဂုတစ်ယောက်ခမ်းမထဲ ရောက်တော့ အံ့ဩသွားတယ်။ခမ်းမ တစ်ခုလုံးကို အထြူရောင်တွေပဲ သုံးထားတယ် ပန်းတွေလည်း အဖြူရောင်ဖြစ်တာကြောင့်။ဂျောင်ဂု စိတ်ထဲကနေ လီရာကို ချီးကျူးနေမိတယ်။အကုန် ယွန်းဂီ အကြိုက်ဆုံး အရောင်ကို လုပ်ထားလို့လေ။

*ဘယ်ဆိုးလို့လဲ၊တော်သားပဲ ဒီနှစ်ယောက်က*

ဂျောင်ဂု ကိုယ်စိတ်ကူးနဲ့ကိုယ် သဘောကျနေတုန်း လူတစ်ယောက်က သူကို လာနှုတ်ဆက်တာကြောင့် သူလည်း ကြည့်လိုက်တယ် ။

"Oppa,ရောက်လာပြီးလား ဆိုရာက စောင့်နေတာ၊oppa ကို"

သူရဲ့ လက်မောင်းကို ချိတ်ကာ ချွဲပျစ်နေတဲ့ အသံနဲ့ လာပြောတဲ့ ကောင်မလေး။သူက တစ်ခြားလူတော့ မဟုတ်ပါ။ဂျောင်ဂုတို့ company ရဲ့ မော်ဒယ် ဆောင်းဆိုရာပင် ဂျောင်ဂုလည်း မီဒီယာတွေရှိနေတာကြောင့် သူမရဲ့ လက်ကို အမြန် ဖယ်လိုက်ကာ ပြန်ပြောလိုက်တယ်။

"ဟုတ်ကဲ့။ဆိုရာ ဆိုရာလည်း လာတာလား"

သူမလက်ကို ဖယ်လိုက်တာကြောင့် အနည်းတော့ မျက်နှာပျက်သွားတယ်။ဒါပေမယ့် ပြန်ပြုံးကာ

မောင့်က ငါကို မယုံဘူးWhere stories live. Discover now