part 16

116 11 0
                                    

သူတို့လည်း စားသောက်ပြီး အိမ်ကိုပြန်လာလိုက်တယ်။ဂျောင်ဂုကတော့ ပြန်လာတဲ့ လမ်းတလျှောက် စိတ်နဲ့လူနဲ့မကပ်ဖြစ်နေတယ်။အိမ်ရောက်တော့လဲ ဆိုဖာပေါ်ထိုင်ကာ စဉ်းစားနေဆဲပဲ။ယွန်းဂီကတော့ ဂျင်နဲ့ ‌မီးဖိုထဲမှာ မုန့်လုပ်နေတယ်။

ယွန်းဂီ မုန့်လုပ်နေပေမယ့် စိတ်ကတော့ အပြင်က ဆိုဖာမှာထိုင်နေတဲ့ ဂျောင်ဂုဆီပဲရောက်နေတယ်။သူသိတာပေါ့ ဂျောင်ဂုစိတ်ညစ်နေတာကို။ဂျင် ကတော့ သူဆိုင်မှာ အသစ်တင်မဲ့ မုန့်ကို စိတ်ဝင်တစားနဲ့ လုပ်နေတယ်။

"ယွန်းဂီ hyung ကို ကြက်ဥလေးပေးပါအုန်း"

ဂျင်က ဂျုံနယ်ဖို့အတွက် ကြကါဥကို တောင်းနေပေမယ့် ယွန်းဂီကတော့ မကြားပါ။ဂျင်လည်း သူလက်ထဲကြက်ဥမရောက်လာလို့ ယွန်းဂီကိုကြည့်လိုက်တော့ ယွန်းဂီက အပြင်က ဆိုဖာမှာ ထိုင်နေတဲ့ ဂျောင်ဂုကိုကြည့်နေတာ်။ချစ်မြတ်နိုးတဲ့ မျက်လုံးတွေမဟုတ်ဘူး။စိတ်ပူနေတဲ့မျက်လုံးတွေနဲ့ ကြည့်နေတာ သူလည်းနားလည်ပါတယ်။သူကိုယ်တိုငိတောင် ရှော့ရသွားတာလေ သုတို့ဆိုပိုဆိုးမှာပေါ့။

"ဟူးး"

ဂျင်ကသက်ပျင်းချကာ ဘေစင်မှာသူလက်ကို ဆေးလိုက်ပြီး။ယွန်းဂီ ရဲ့ ပုခုံးကို ကိုင်ကာ ခေါ်လိုက်တယ်။

"ယွန်းဂီ"

ယွန်းဂီငေးနေရင်းကနေ ဂျင်ရဲ့ ခေါ်သံကြောင့် ကြည့်လိုက်တော့ ။ဂျင် ကသူကို ဂျောင်ဂုထိုင်နေတဲ့ ဆိုဖာရှိခေါ်လာတယ်။ဂျောင်ဂုလည်း ဂျင်တို့ကိုမြင်တော့ ထထိုင်လိုက်တယ်။ဂျင်က ယွန်းဂီကို ဂျောင်ဂုဘေးနားထိုင်ခိုင်းပြီး သူကတော့ သူတို့နှစ်ယောက်ရှေ့မှာ ထိုင်လိုက်တယ်။

"ဒီကိစ္စက hyung နဲ့မဆိုင်မယ် သိပေမယ့်။hyung မင်းတို့ကို အကြံပေးချင်တာ်။ဂျောင်ဂု...."

ဂျောင်ဂုလည်း ဂျင်ခေါ်တာကြောင့်ကြည့်လိုက်တယ်။သူမျက်လုံးတွေက စဉ်းစားရခက်နေတယ်ပုံဆိုတာဂျင်ကြည့်တာနဲ့သိတယ်။

"ဘာတွေကို စိတ်ရှုပ်နေတာလဲ"

"Hyung တကယ်လို့။နမ်ဂျွန်း hyung က မကောင်းတဲ့လူဆို ဘာ်လိုလုပ်မလဲ"

မောင့်က ငါကို မယုံဘူးWhere stories live. Discover now