"သူက CEO တစ်ယောက် ပြီးတော့ ငါ့ ယောင်္ကျား ရော မင်း ယောင်္ကျား ရောနဲ့ အလုပ်အတူတူ လုပ်မှာ မကြာခင်"
"ဟုတ်လား ဝမ်ရိပေါ်တို့များနော် ပိုင်ချက် CEO တစ်ယောက် B ထိုင်အောင်လုပ်နိုင်တယ်နော်"
"ဟုတ်ပါ့။ ဒါနဲ့ ဒီကလေးက ယွန်းဂီတို့မွေးစားတဲ့ကလေးလား"
"ဟုတ်တယ်"
ဂျောင်ဂုက ဘောက်ဆက်ဆက် ဖြေလိုက်တာကြောင့် ဂျင်က
"ရားးး ဂျွန်ဂျောင်ဂု ငါက မင်းထက်ကြီးတယ်၊သိလား ယဉ်ယဉ် ကျေးကျေး ပြောစမ်းပါ။"
"မပြောချင်ပါဘူး"
"ဒီကောင်"
"Hyung စိတ်လျော့နော်စိတ်လျော့"
"ဟင်းဟင်း မင်းလင်ကို ပြောထားနော် ယွန်းဂီ ဟွန့်"
ဂျောင်ဂုကို မျက်စောင်းထိုးကာ ခြေကိုဆောင့်ကာ ရှောင်းကျန့်တို့အနားသွားတဲ့ဂျင်။
"ဟင့် မကောင်းတဲ့ကောင် စားပြီးထွေထုတ်တဲ့ အကောင်"
"ဟုတ်တယ်နော် မောင်က မကောင်းဘူး ရှောင်းကို အပြစ်မရှိပဲ အပြစ်ပြောတယ်။ဝမ်းနည်းအောင်လည်း လုပ်တယ်နော် ဟုတ်ပြီးလား"
"ကိုယ် ကို သိရင် ပြီးရော "
"အောင်မလေးနော် ရှောင်းတို့များ ခုနကတော့ သူလာရင် ငါ သူကို ကွာရှင်းခိုက်းမှာ ကလေး လဲ သွားချမှာ ဆိုပဲ ဟွန့်"
"ဟုတ်လား ရှောင်းးးး"
"ဟုတ်ပါဘူး ခုန ကစိတ်တိုနေလို့ ပြောလိုက်တာ ဒီလောက် ချောတဲ့ ယောင်္ကျားကို ကွာရှင်းစရာလားလို့"
ဂျင်ကတော့ ပိုကို ပိုတယ်လို့ပြောကာ ထိုင်ခံုမှာ ထိုင်လိုက်တယ် ဘေးနားမှာမတ်တပ်ရပ်နေတဲ့နမ်ဂျွန်းကို ဆွဲချကာ ထိုင်ခိုင်းလိုက်တယ်။
တအောင့်ကြာ ရှောင်းကျနိ့အငို တိတ်သွားတယ်။အဲ့တော့မှ ယွန်းဂီ တို့နဲ့ စကားပြောတယ်။ယွန်းဂီကတော့ ယောင်္ကျားလေးဖြစ်ပြီး ကိုယ်ဝဋ်ဆောင်နိုင်တဲ့ ရှောင်းကျန့်ကို မေးခွန်းတွေမေးတော့တယ်။
နမ်ဂျွန်းနဲ့ေဂျာင်ဂုကတော့ အစည်းအဝေး ရှိတာမို့ company ကို ထွက်သွားကြတယ်။ကျန်ခဲ့တဲ့ ရှောင်းကျန့် ရိပေါ် ဂျင်နဲ့ ယွန်းဂီတို့ကတော့ ကလေးနာမည်ကို ထိုင်စဉ်းစားနေကြတယ်။