ယွန်းဂီတစ်ယောက်ဆိုင်ရောက်တော့ သူ သဌေး ရဲ့ ဆူခြင်းကိုခံနေရတယ်။ဆူတယ်ဆိုတာထက် သူကို စိတ်ကောက်တာဆို ပိုမှန်မယ်။
"ဟွန့် အချိန်ကိုကြည့်အုန်းအခုမှပဲလာတော့တယ်။"
"တောင်းပန်ပါတယ်၊hyung ယွန်း အိပ်ယာထနောက်ကျသွားလို့ပါ"
ညက ဆေးသောက်ပြီးအိပ်လိုက်တာကြောင့်၊လူက မနက်ကျမထခိင်ဘူးဖြစ်နေတယ်။hyung က တကယ် ကလေးစိတ်ဆို ကျွန်တော်နဲ့ သိပ်မကွာဘူး ။ကျွန်တော်ထက်ကို ကလေးဆန်တယ်။သူနာမည် ကင် ဆော့ဂျင်တဲ့ အရမ်းချောတာပါ သူကိုလာလာပိုးတာက မိန်းကလေးရော ယောင်္ကျားလေးရောပဲ။
(ဂျင်ကို ယွန်းနဲ့ အသက်အတူပဲရေးထာတာပါ တစ်နှစ်လောက်ပဲကွာတာပေါ့နော်)"Hyung ကလည်း စိတ်မဆိုးပါနဲ့နော်၊နော် လို့"
"ဟွန့် သွား အလုပ်သွားလုပ်တော့ လူကျနေပြီး"
"ဟုတ်ကဲ့ပါ"
ယွန်းဂီ ဧည့်သည်ရဲ့ မှာတာတွေချလိုက်သိမ်းလိုက် တွက်လိုက်နဲ့ အချိန်က ကုန်လာတယ်။
"La la la la"
ဖုန်းသံတောင် ယွန်းဂီ ဖုန်းကို ထုတ်လိုက်တော့ သူရဲ့ နှစ်ယောက်မရှိတဲ့ မောင်ပါတဲ့။
"ဟယ်လို မောင် ဘာဖြစ်လို့လဲ၊ယွန်းကတစ်အောင့်နေရင် လာတော့ မလိုကို"
"........"
"ဟုတ်လား။အင်း အဆိုလဲ မလာတော့ဘူးလေ အများကြီးမသောက်နဲ့နော် မောင်"
"........"
"ယွန်းသိပါတယ်။စိတ်ချ"
"......"
"ဟုတ်မောင် ။ ယွန်းလည်း အရမ်းချစ်တယ်"
"ပြောလို့ ပြီးပြီးလား"
ဖုန်းချလိုက်တော့ အနောက်က အသံကြောင့် လန့်သွားတဲ့ယွန်းဂီ။
"အောင်မလေး၊ hyung ဂျင် လန့်တာဗျာ ဘာလို့ အသံမပေးတာလဲ"
"အသံမပေးဘူး ဟုတ်လား။ငါဒီလောက် ခေါ်ေနတာကို မကြားတာလေ။ဘယ်ကြားမလဲ တမောင် နဲ့ မောင်နေတာကို"
"ဟာ hyung ကလည်း ဘာတွေပြောနေတာလို့"
"ငါပြောတာမှားလို့လား၊ဟွန့်"
![](https://img.wattpad.com/cover/333406262-288-k56903.jpg)