ကမ္ဘာကြီးရဲ့ဆွဲငင်အားကို မရုန်းဖယ်နိုင်ရှာတဲ့ဂျီဆူး၏မျက်ခွံတွေသည်အလွန်တရာမှလေးလံ၍နေပေသည်။ သွယ်လျလျလက်ကလေးတွေသည် မြှောက်တင်ထားသည့်စာအုပ်တစ်အုပ်၏အလေးချိန်ကိုပင် မနိုင်နင်းလာသည့်အခါ
''ဘုတ်''
ဝမ်းဗိုက်ပေါ်ကျသွားလေသည့်စာအုပ်၏အော်မြည်သံ။
''ကင်ဂျီဆူး ထစမ်းပါအုံး အိပ်နေပြန်ပြီလား ဒီပုံစံနဲ့ဘယ်လိုများစာမေးပွဲအောင်မလဲ''
နားထဲကိုစူးစူးဝါးဝါးဝင်လာသည့်အသံကြောင့် ဂျီဆူးလန့်ဖျန့်ကာနိုးသွားရသည်။
''သမီးတစ်ညလုံးစာကျက်နေခဲ့တာ အဲ့ကြောင့်ခဏလေးအိပ်ပျော်သွားတာပါမေမေရယ်''
''ထပြီးစာကိုအသံထွက်အောင်ကျက်စမ်းပါ အသံတိတ်ကျက်တော့ပျင်းပြီးအိပ်ချင်တာပေါ့ ထ လှဲမနေနဲ့ အအေးယူလာတယ် သောက်ပြီးစာသေချာကျက်''
မေမေ၏အမိန့်စကားလုံးတွေသည် သာယာနာပျော်ဖွယ်ရှိမနေပါ။ မထချင်သော်ငြား ဂျီဆူးထ၍ထိုင်လိုက်ရသည်။ ခွာလိုက်ရသောအိပ်ရာလေးသည်ယခုအခါတွင်မှ အလွန်အမင်းဇိမ်ရှိနေခဲ့သည်ကား ခက်ချေပြီ။
.
.
စာမေးပွဲဖြေရန်အချိန်တွေသည်နီးကပ်နေခဲ့ပြီ။ တစ်လတောင်မလိုတော့သောအချိန်တွေသည်ဂျီဆူးအားခေါင်းကိုက်စေခဲ့သည်။ ပြီးနောက်ကြောက်ရွံ့ခြင်းကိုလည်းဖြစ်ပေါ်စေသည်။မိမိသည်ညံ့ဖျင်းသောကျောင်းသူတစ်ယောက်မဟုတ်လင့်ကစား စာမေးပွဲဟူသောအရာကြီးသည်ကျောင်းသားတိုင်းကိုတော့ထိတ်လန့်စေနိုင်သည်ဟုထင်မြင်မိသည်။
ရထားခဲ့ပြီးေသာစာတွေသည် တစ်ခါခါအစဖော်၍မရအောင်ပင်မေ့၍ကောင်းနေတတ်သည်။ လွယ်ကူလွန်းကာအဖြေကိုပင်မှတ်မိနေသောသင်္ချာပုစ္စာတွေသည်လည်း တစ်ဝက်လောက်နှင့်ဆက်မတွက်တော့တာကလည်းရှိပြန်သေးသည်။
စာမေးပွဲဟူသည့်အချိန်အဝါသည်ကြောက်မက်ဖွယ်ကောင်းပေစွ။ စိတ်လှုပ်ရှားနေရသည့်ထိုနေ့ရက်တွေမှာရော ဂျီဆူးအတွက်အဆင်ပြေနိုင်ပါ့မလား။
.
.
.
.
.
''မေမေ သမီးလမ်းထိပ်သွားလိုက်အုံးမယ်''''ဘာလုပ်မလို့လဲ''
YOU ARE READING
''ပိုးသားလို...အချစ်''(completed)
Fanfictionချယ်နဲ့ ဂျီဆူးတို့ရဲ့ နူးညံ့ပြီးတောက်ပတဲ့ချစ်ခြင်းတရား