''အာ့နဲ့လေငါ့ကိုလီလီလို့ခေါ်လို့လည်းရတယ်နော် အချို့ခင်တဲ့လူတွေကတော့အဲ့လိုခေါ်ကြတယ် လီလီပန်းလေးလိုဖြူစင်ပြီးချစ်စရာကောင်းလို့တဲ့ ဟဲဟဲ
သူ့ဘာသာပြောပြီးရယ်နေသောလီဆာကြောင့်ချယ်လည်းရယ်မိ၏။
''ဒါနဲ့နင်တစ်နေ့လုံးဘယ်သွားနေတာလဲ
''ပျင်းလို့လေမြို့ထဲလျှောက်သွားနေတာ နင်တွေ့တဲ့အတိုင်းပဲဒီမှာဘာရှိလို့လဲ သိပ်ပျင်းစရာကောင်းတာပဲ
ဟုတ်တော့လည်းဟုတ်ပါသည်။ ခြောက်ကပ်ကပ်နဲ့ပျင်းစရာကောင်းလွန်းသည်။ ရောက်ကာစမို့ပဲလားတော့မပြောတတ်ပါ။
''နင်ဒါတွေစားပြီးဗိုက်ပြည့်လို့လား အပြင်သွားစားမလား ဒါတွေက ငါညဗိုက်ဆာရင်ထစားဖို့ဝယ်လာတာ
သူ့စကားကြောင့်ချယ့်မှာလက်ထဲကမုန့်ကိုဆက်ပဲစားရမလား ရပ်ပဲရပ်လိုက်ရမလား လမ်းပျောက်သွားရ၏။
''အပြင်သွားမလား
''သွားမယ်လေ
သူ့စကားကိုချယ်လက်ခံလိုက်၏။ ဘာပဲပြောပြော အပြင်သွားပြီဆိုစိတ်တော့လန်းဆန်းသွားနိုင်သည်လေ။
''ငါဒီရောက်နေတာနှစ်ရက်တောင်ရှိပြီဟ သိချင်တာရှိရင်ငါ့ကိုမေးလို့ရတယ်နော်
အခန်းပြင်မှာသူ့ဦးဆောင်မှုအတိုင်းလိုက်လာစဥ် သူကခပ်ကြွားကြွားလေးပြော၏။ တစ်ကယ်လည်းအကုန်သိလောက်မည့်ပုံပင်။ လမ်းလျှောက်တာတောင် မြောက်ကြွမြောက်ကြွနဲ့အကုန်နှံ့နှံ့စပ်စပ်သိမယ့်ပုံမျိုး။
အနားကဆိုင်တစ်ဆိုင်ကိုအငှားကားလေးဖြင့်လိုက်သွားလိုက်၏။ ဆိုင်ရောက်တော့လည်းသူကပဲ မှာပေးပါသည်။
''အဆောင်ကညခုနစ်နာရီဆိုပိတ်တယ် အဲ့အချိန်ထက်နောက်ကျလို့တော့မရဘူး
ချယ်ခေါင်းညိမ့်၍အသိအမှတ်ပြု၏။
''နင့်အကောင့်နဲ့ငါ့လာအပ်လိုက်လေ fbမှာလည်းသူငယ်ချင်းလုပ်ရမှာပေါ့
''နင့်အကောင့်နာမည်က
''ပေး ပေး ငါရှာပေးမယ်
ချယ့်လက်ထဲကဖုန်းကိုယူကာ သူ့ဘာသာရှာပြီးသူ့ဘာသာပင် Request ပို့လိုက်လေ၏။
YOU ARE READING
''ပိုးသားလို...အချစ်''(completed)
Fanfictionချယ်နဲ့ ဂျီဆူးတို့ရဲ့ နူးညံ့ပြီးတောက်ပတဲ့ချစ်ခြင်းတရား