Ep(6)❤

230 36 8
                                    

မမကခုတလောတည်ငြိမ်လွန်းနေ၏။ အရင်လိုနောက်ပြောင်တာတွေတောင်မရှိတော့။ ချယ်ဟာသတွေပြောလျှင်သာ ရယ်နေတတ်၏။

အခုလည်း physicsပုစ္ဆာတွေ စိတ်ပါဝင်စားစွာနဲ့ထိုင်တွက်နေတာများ ချယ့်ကိုရှိတယ်လို့တောင်မှတ်ရဲ့လားမသိ။

''မမ ဘာစိတ်ဆိုးနေတာလဲ

''မဆိုးပါဘူး

''ညာနေပြန်ပြီ ခုတလောစကားလည်းသိပ်မပြောဘူးလေ ပွင့်ပွင့်လင်းလင်းပြောပါလားမမရဲ့

''ဘာမှမဖြစ်ဘူး

''အင်း အင်း အဲ့လိုပဲလုပ်နေလိုက် စကားလည်းမပြောချင်ဘူးမလား ချယ်ပြန်တော့မယ် မမဘက်ကစိတ်ကြည်တဲ့အချိန်မှဖုန်းဆက်တာဖြစ်ဖြစ်လုပ်လိုက် အဲ့မှလာခဲ့တော့မယ်

ပြော၍စိတ်ဆိုးစွာဖြင့် ချယ်ထွက်လာခဲ့လိုက်၏။ တစ်ခုခုဆိုစိတ်ထဲရှိရာကိုမပြောပဲ မျက်နှာတည်ကြီးနဲ့စကားပြောချင်သလို၊မပြောချင်သလိုမျိုးဆက်ဆံတာကို ချယ်မကြိုက်ပါ။

ဘာဖြစ်နေတာလဲဆိုတာကိုပွင့်ပွင့်လင်းလင်းပြောပြမှ တစ်ဖက်လူကရှင်းပြသင့်ရင်ရှင်းပြနိုင်မယ်မလား။

ဘာမှလည်းစိတ်ဆိုးစရာမရှိပဲကြံဖန်ပြီးစိတ်ဆိုးနေတာ။ ဒီတစ်ခါတော့ချယ့်ဘက်ကလုံးဝသွားမချော့တော့ဟုစိတ်ပိုင်းဖြတ်ထားလိုက်၏။

မမဘက်ကမဆက်သွယ်လာမချင်း ပြန်ပစ်ထားလိုက်မည်။ အဲ့ဒါမှချယ့်ခံစားချက်ကိုမမလည်းကိုယ်ချင်းစာနိုင်မှာ။

.
.
''ပြန်လာပြီလားသမီး စောလှချည်လား

မေးလာသောအမေ့ကို ဘာမှပြန်မဖြေပဲ အခန်းထဲသာတန်းဝင်ခဲ့လိုက်၏။ ''စိတ်ဆိုးနေကြပြန်ပြီထင်တယ်''ဟူသော မေမေ့စကားကိုတော့ ချယ်ကြားဖြစ်အောင်ကြားလိုက်ပါသေးသည်။

.
.
.
.
နောက်နေ့တွင်လည်း ချယ်ရောက်မလာပါ။ ဂျီဆူးဘက်ကလည်း မခေါ်ပဲပေ၍နေမိ၏။

ချယ့်အပေါ်ခံစားချက်တွေကရောယှက်နေသည်မို့ ဘာလုပ်ရမည်ကိုမသိပဲလမ်းပျောက်နေ၏။ အရင်လိုရင်းရင်းနှီးနှီးဆက်နေပြီး ခံစားချက်တွေပိုကြီးထွားလာမှာကိုလည်းစိုးရသည်။

''ပိုးသားလို...အချစ်''(completed)Where stories live. Discover now