Ep(7)

207 34 5
                                    

''မမ ဘာလို့ရပ်လိုက်တာလဲ နမ်းလို့ကောင်းနေတဲ့ဟာကို

''အာ ချယ်နော်

မမကရှက်ရှက်ဖြင့်ချယ့်ရင်ခွင်ထဲတိုးဝင်၏။ မမ၏ကိုယ်လေးကို သိမ်းကြုံးကာဖက်ထားရင်း ခေါင်းလေးကိုငုံ့နမ်းမိ၏။

''အခုချယ်တို့ ချစ်သူတွေဖြစ်သွားကြပြီလား

''သိဘူး

''မရပါဘူး ဖြေရမယ်

''အွန်း ဘာတွေမေးနေတာလဲရှက်တယ်လို့

''ရော် အခုမှလာရှက်နေတယ်ပေါ့ ခုဏကကျသူပဲလာနမ်းပြီးတော့

''အားးး တော်တော့လို့

မမကရှက်သွားကာထအော်၏။

''လူကြီးတွေကြားသွားပါအုံးမယ်မမရယ် ဖြည်းဖြည်းအော်ပါ

''အဲ့ဆို လိုက်မစနေနဲ့လေ

''ဟီး အသဲယားစရာကောင်းတာကိုး စချင်စရာလေးကိုးလို့

မမကရင်ခွင်ထဲမှ ကုန်းရုန်းထ၏။ ချယ်လည်းထိုင်လိုက်ပါသည်။

''ချယ်ရောဘယ်တုန်းက သဘောကျခဲ့တာလဲ

''အဲ့ဒါကိုပြောပြရမှာလား

''အွန်း သိချင်တာပေါ့

''ကြာတော့ကြာပြီ မမစိတ်ဆိုးသွားမှာစိုးလို့သာမပြောပဲနေခဲ့တာ

''နည်းနည်းတော့မျက်နှာပူစရာကောင်းသားနော်

မမ၏လက်လေးကိုချယ်ဆုပ်ကိုင်လိုက်၍

''အစမို့ပါမမရဲ့

''အွန်း''တဲ့။ ပြီးတော့နှစ်ယောက်ကြားမှာပြောစရာစကားလုံးတွေဟာ ပျောက်ရှသွားခဲ့ရ၏။

''မမ

''ပြောလေ

''ထပ်နမ်းချင်သေးတယ် မဝသေးဘူး

မမရဲ့ပါးလေးတွေဟာရဲတက်လို့ ရှက်သွေးဖြာသွားလိုက်ပုံများ ချစ်စရာကောင်းလိုက်ပါဘိ။

''နော်

''အဲ့လိုကြီးမပြောနဲ့လေ ပိုရှက်အောင်လို့ နမ်းချင်ရင်ကိုယ့်ဘာသာနမ်းပါလား

''အော် အဲ့လိုလား

''တစ်ကယ်ပါပဲ

''ဟီးဟီး မမကလည်း ချယ်ကခွင့်တောင်းတဲ့ဟာကို

''ပိုးသားလို...အချစ်''(completed)Where stories live. Discover now