စက်ပိတ်ထားသောဖုန်းလေးကိုဖွင့်၍ မောင်ဘယ်နှစ်ခါ ခေါ်ဆိုထားလဲ၊စာတွေဘယ်လောက်ပို့ထားလဲဆိုတာကိုစမ်းစစ်လိုက်၏။မောင်တစ်ခါသာခေါ်ထားသည်ပဲ။ အိုး..မောင်။ ရှင်ကျမကို ဘယ်လိုတွေလာဆက်ဆံနေသလဲ။
အရင်ကစိတ်ဆိုးရင်ချော့မော့နေကျမောင့်အပြုအမူတွေက ဘယ်များရောက်သွားခဲ့လဲ။ မောင်ပြောင်းလဲသွားပြီလား။
ကျမအပေါ်အချစ်တွေလျော့နည်းသွားလို့လား။ ကျမရှင့်ကိုချစ်တာသိလို့များ အခုလိုဆက်ဆံနေရတာလားမောင်။
နေနိုင်လွန်းနေတဲ့မောင့်ကို ကျမဘက်ကဒီ့ထက်ပိုပြီးအလျော့ပေးဖို့ရန်မသင့်တော်ဘူးဟုသတ်မှတ်ပစ်ခဲ့တာကြောင့် ပြန်လည်မဆက်သွယ်ခဲ့ပါ။
ထိုညတစ်ညလုံးတွင်လည်းမောင်သည်မည်သို့သောချော့မြူခြင်းကိုမျှမပြုလုပ်ခဲ့ပါပေ။ တစ်စောင့်စောင့်နဲ့ ဖုန်းကိုအနားချကာစောင့်မျှော်နေခဲ့ရင်း အချိန်တွေကိုကြည့်ကာကျမဘယ်လောက်တောင်နာကျင်ရသလဲဆိုတာကိုတော့ မောင်သိမည်မထင်ပါ။
ကောင်းကောင်းအိပ်ပျော်ရဲ့လားမောင်။ ကျမတော့ဖြင့်အိပ်လို့မရပါဘူးအချစ်ရယ်။
.
.
.
နောက်တစ်နေ့မိုးလင်းသည်နှင့်ဖုန်းလေးကိုတန်းကိုင်မိသည်။ မှေးကခနဲအိပ်ပျော်သွားမိသည့်အချိန်နည်းနည်းမှာမောင့်ဆီကစာတစ်စောင်တစ်လေများ ဝင်နေလေမလား။ထိုမျှော်လင့်ချက်ယိုင်နဲ့နဲ့လေးကို ဖုန်းဖွင့်လိုက်သည်နှင့်ဝင်မနေသော notiတွေကရိုက်ချိုးပစ်လိုက်၏။ မောင်အဘယ်မျှနေနိုင်သနည်းဆိုတာကို ကျမသိဖို့ရာထိတ်လန့်၍နေလေ၏။
.
.
.''ဘာဖြစ်နေတာလဲသမီး တစ်မှိုင်မှိုင်တစ်ထွေထွေနဲ့
မေးထောက်ကာငေးချင်ရာငေးနေတဲ့ကျမကို မေမေကမေးမြန်းလာ၏။ အဘယ်သို့ဖြေရမလဲမောင်။ မောင်ကပစ်ထားနေတာကြောင့်ဟု ပြောလိုက်ရမည်လား။
''ပျင်းလို့ပါမေမေ ဘာမှလည်းလုပ်စရာမရှိတာနဲ့
''အိမ်အလုပ်တွေလုပ်ပါလား လုပ်ဖြင့်မလုပ်ချင်ပဲ
ČTEŠ
''ပိုးသားလို...အချစ်''(completed)
Fanfikceချယ်နဲ့ ဂျီဆူးတို့ရဲ့ နူးညံ့ပြီးတောက်ပတဲ့ချစ်ခြင်းတရား