Ep(19)

156 27 4
                                    

''အ

စားသောက်ဆိုင်ထဲကနေထွက်လာပြီး ခြေဦးတည့်ရာအတိုင်းစိတ်လွတ်နေသောကိုယ်ဖြင့်ထွက်လာခဲ့မိသောဂျီဆူး၏ကိုယ်သည်တစ်စုံတစ်ခုဖြင့်တိုက်မိပြီးနောက် ယိုင်လဲကာကျသွားလေ၏။

''တောင်းပန်ပါတယ်နော် ဘာဖြစ်သွားသေးလဲဟင် ဘယ်နားနာသွားသေးလဲ

ထိုင်ရက်ကျသွားရာကနေဂျီဆူးကုန်းထလိုက်ပြီးနောက် ဆက်၍ထွက်လာခဲ့သည်။ထိုတိုက်မိတဲ့လူအားလည်း မော့၍ပင်မကြည့်ခဲ့မိပါ။

ယိုင်ယိုင်နဲ့နဲ့ဖြင့်ပင် ဝိုးတဝါးမြင်ရသည့်ထိုင်ခုံလေးမှာဖြစ်သလိုဝင်ထိုင်လိုက်၏။

မောင်ဒီလောကကြီးထဲမှာမရှိတော့ပြီဟု သူ့အကိုကဆိုသည်။ မိမိယုံလိုက်သင့်သလား။ မယုံလို့ရောဖြစ်မလားမောင်။

ဘယ်အရာကအမှန် ဘယ်အရာကအမှားလဲဆိုတာလည်းကျမ မခွဲခြားတတ်တော့ပါ။ အခုကျမမောင့်ကိုတွေ့ခွင့်ရရင် သိပ်ကောင်းမှာပါပဲ။ ကျမအမှားတွေအတွက်တောင်းပန်ပါတယ်မောင်။ ကျမသာ မောင့်အပေါ်စိတ်မဆိုးမိခဲ့ရင်မောင်အခုကျမအနားမှာရှိနေလောက်မလား။

ဘယ်ရောက်နေသလဲမောင်။ မောင်အခု ဘယ်ဆီများရောက်နေလဲ။ ကျမကြောင့်သာမဟုတ်ခဲ့ရင် မောင်အခုပျော်ပျော်ရွှင်ရွှင်နဲ့ရှိနေလောက်အုံးမှာ။

မောင်သေပြီလို့မမှတ်ယူမိချင်ပေမယ့် မောင်သာအသက်ရှိနေသေးရင်ကျမကိုအခုလိုမဆက်သွယ်ပဲနေနိုင်မှာမဟုတ်ဘူးဆိုတာကျမသိနေပြန်တယ်။ မောင် ကျမကိုပြစ်မထားနိုင်ပါဘူး။ အဲ့အတွေးသည် ကျမရင်အားအလွန်တရာပူလောင်လာစေ၏။ မောင်...ကျမကိုသိပ်ချစ်တဲ့မောင်..မောင်ထွက်ခွာသွားရခြင်းက ကျမကြောင့်တဲ့လား။

ဘယ်နေရာမှာမှန်းမသိတဲ့အဲ့ထိုင်ခုံမှာ ကျမအသိစိတ်လွတ်စွာနဲ့အချိန်ဘယ်လောက်ထိတောင် ထိုင်နေခဲ့မိလဲကို မသိပါ။ ကျမအပေါ်ကို စိုစွတ်တဲ့အရာတွေ ကျလာတာကိုသိ၍မော့ကြည့်လိုက်မှ မိုးတွေရွာနေမှန်းကိုကျမသိလေ၏။

ကျမကိုကြည့်နေတဲ့မိုးမင်းကြီးကတောင် မောင်သေဆုံးသွားရခြင်းအတွက် ကျမကိုအပြစ်ပေးလာဟန်တူပါရဲ့။ အဲ့လိုဟုတ်သလားမောင်။

''ပိုးသားလို...အချစ်''(completed)Where stories live. Discover now