Ep(8)

194 37 4
                                    

''ကိုကို့အသက်လေးဘာဖြစ်နေတာလဲ

ဆိုင်ရောက်၍ ငြိမ်နေသောချယ့်အားကိုကိုကမေးလာ၏။ချယ်ပြန်မဖြေ။

''ကိုယ်ပူ​နေတာများလား မှန်း...ပူတော့မပူပါဘူးချယ်ရဲ့ ခေါင်းကိုက်တာကမသက်သာသေးဘူးလား

မမကချယ့်နဖူးလေးအားစမ်းသပ်လာကာဆို၏။

''အွန်း

''သံပုရာရည်မှာလိုက်မယ် ခေါင်းကြည်သွားအောင်လို့

ချယ်ပြန်မပြောမိ။ မမကသူ့ဘာသာထပ်မှာ၏။

''စာတွေရောရနေပြီလားညီမ

''ဟုတ် ထိုက်သင့်သလောက်တော့ရပါပြီ

''လိုအပ်တာမျိုးရောရှိသေးလား

''ဟင့်အင်းမရှိပါဘူး ချယ်ကတော်တယ်လေ သူရှင်းပြလိုက်ရင်အကုန်နားလည်သွားရော

''ဟုတ်လား အဲ့လိုလား

ကိုကိုနဲ့ရယ်နေသောမမကိုကြည့်ရင်း ချယ့်ရင်တွေကပူလောင်လာ၏။

ခဏကြာတော့ မှာထားတာတွေကရောက်လာ၏။

''စားနော်ညီမ ကိုကို့ညီမလေးလည်းများများစား

စားစရာတွေကအရသာရှိလား မရှိသလားကိုချယ်သေချာမသိ။ ကိုကိုနဲ့မမတို့ဘာပြောနေကြသည်ကိုလဲ ကြားလိုက် မကြားလိုက်နဲ့ ချယ့်ကမ္ဘာကြီးတစ်ခုထဲကွက်၍ မှောင်မိုက်နေခဲ့၏။

.
.
.
''စပ်လိုက်တာ

မမက အထောင်းစားရင်းပြောလိုက်တော့ ချယ်တစ်ရှူးဘောက်ဆီ လက်လှမ်းလိုက်၏။ သို့သော်ကိုကို့လက်ကဦးအောင်ယူသွားလေရာ ချယ့်လက်သည်လေဟာနယ်ကိုသာ ဖမ်းဆုပ်လိုက်မိ၏။

ဒါဟာဘယ်လိုခံစားချက်မျိုးလဲ။ ဆုံးရှုံးသွားရတဲ့ခံစားချက်မျိုး။ ဒီလိုနဲ့မမကို ဆုံးရှုံးသွားရနိုင်လား။

''ကျေးဇူးနော်

တစ်ရှူးယူပေးသောကိုကို့အား မမကကျေးဇူးတင်စကားဆိုနေ၏။ ချယ့်စိတ်ထဲမနာလိုမှုတွေ၊မနှစ်မြို့မှုတွေ တိုးဝင်လာရာ ခုံပေါ်ကအအေးခွက်အား တမင်တိုက်ချပစ်လိုက်တော့၏။

''ခွမ်း''ခနဲကျကွဲသံနှင့်အတူ အားလုံး၏အကြည့်တွေကချယ်တို့ဝိုင်းဆီရောက်လာ၏။ သံပုရာဖျော်ရည်ခွက်လေးကတော့ ကြမ်းပြင်တွေကြေမွလျှက်ရှိလေ၏။

''ပိုးသားလို...အချစ်''(completed)Where stories live. Discover now