2💛

263 41 6
                                    

ခုန်ပေါက်နေသောကလေးစိတ်မပျောက်သေးသည့်ကောင်မလေးကြောင့် သက်ပြင်းချကာကျောပေးလိုက်စဥ်

''မမ

နားထဲတန်းဝင်လာတဲ့ ချိုသာတဲ့အသံလေး။

''ချယ့်ကိုသိတယ်မလားမမ မမနဲ့တစ်ကျောင်းထဲကပဲလေ

''အွန်း မြင်ဖူးသလိုတော့ရှိတယ်

ကောင်မလေးကထရယ်သည်။ ရယ်စရာလည်းမပါပါပဲနှင့်။

''ဟုတ်လား သိလောက်မယ်ထင်တာ ကိုယ့်ကိုယ်ကိုထင်ပေါ်တယ်လို့ထင်နေတာ မဟုတ်နေဘူးပဲ

ဂျီဆူး၏မျက်ခုံးနှစ်ဖက် အလိုမကျစွာတွန့်ကွေးသွား၏။စကားများလိုက်တာ။

''မမကိုတော့ချယ်ကောင်းကောင်းသိတယ် လှတယ်ဆိုပြီးနာမည်ကြီးလို့လေ ကြိုက်တဲ့ကောင်လေးတွေများတယ်မလား

ဘာမှပြန်မပြောပဲ အိမ်ထဲဝင်ခဲ့လိုက်၏။ ကောင်မလေးက ထပ်ကြပ်မကွာလိုက်လာခဲ့ပါသည်။

''သမီးရေကောင်မလေးလာပြီလား

မီးဖိုခန်းဘက်မှမေမေ၏အမေးသံ ထွက်ပေါ်လာ၏။

''ဟုတ်မေမေ ရောက်ပြီ

ဂျီဆူးပြန်အော်ကာ အခန်းထဲသို့ဦးဆောင်၍ခေါ်ခဲ့လိုက်၏။

.
.
.

ရှင်းလင်းသောအခန်းငယ်လေးက ချယ့်ကိုနွေးထွေးစွာဆီးကြို၏။ တစ်ယောက်အိပ်ကုတင်ပေါ်မှာ စောင်လေးကိုလည်းသေချာစွာခေါက်ထား၏။

ဘေးဘက်တွင် ဗီရိုလေးတစ်လုံးနှင့် စာကြည့်စားပွဲပေါ်မှာလည်း ပစ္စည်းလေးတွေကသူ့နေရာနှင့်သူ သပ်သပ်ရပ်ရပ်တည်ရှိနေ၏။

''ထိုင်လေ

မမဂျီဆူးပြောမှပဲ ချယ်စပ်စုနေရာမှထိုင်ဖို့သတိရမိသည်။ ချယ်ထိုင်ပြီးတော့ ဘေးခုံတွင်မမဂျီဆူးက ဝင်ထိုင်သည်။

အနီးကပ်ကြည့်မှ မမဂျီဆူးသည်ပိုလှတာပဲ။ ဒါကြောင့်လည်းကြိုက်တဲ့သူတွေဝိုင်းဝိုင်းလည်နေတာကိုး။ ချယ့်အကိုတောင်မှ မမဂျီဆူးကိုပိုးပန်းခဲ့ဖူးသည့်သူတွေထဲ ပါခဲ့ဖူးသည်ပဲမလား။

လှသလောက်မာနလည်းကြီးသည်ဟုနာမည်ကြီးသော ဒီအမျိုးသမီးလေးက တစ်ကယ်လည်းဟုတ်လောက်ပေ၏။ ခုလည်းတစ်ချက်မရယ်မပြုံးပဲ တည်တံ့သောမျက်နှာဖြင့် စာအုပ်တွေနဲ့အလုပ်ရှုပ်နေတာကိုကြည့်ပြီး စာလာပြပေးရတာကချယ်လား သူလားတောင်မဝေခွဲတတ်တော့ပါ။

''ပိုးသားလို...အချစ်''(completed)Where stories live. Discover now