Ep(15)💛

196 30 6
                                    

အဲ့လိုနဲ့ ရက်တွေကတစ်ရက်ပြီးတစ်ရက်ကျော်လွန်လာ၏။ ဂျီဆူးသည်လည်း စာမေးပွဲအောင်၍ဂုဏ်ထူးပင်နှစ်ဘာသာပါခဲ့သေး၏။

ထိုနေ့ကဂျီဆူးတို့တစ်အိမ်သားလုံးရော ချယ်တို့အိမ်ကပါအလွန်ပျော်ခဲ့ကြ၏။

စကားများတာမျိုး ကတောက်ကဆဖြစ်တာမျိုးလောက်တော့ရှိပေမယ့်ပြဿနာကြီးကြီးမားမားတော့ ဂျီဆူးတို့နှစ်ဦးကြားတွင်မရှိခဲ့ပါ။ထို့အတွက်ကြောင့် အချစ်ရေးသည်ချောမွေ့သည်ဟုဆိုရပေမည်။

ချယ်ကသဝန်တိုလျှင်စကားတွေလွန်တာမျိုးတော့ရှိပေမယ့် ကျေနပ်အောင်ပြန်ချော့ခဲ့သည်ချည်းသာ။ ယနေ့ဆို ချစ်သူသက်တမ်းတစ်နှစ်ပြည့်သည့်နေ့လေးဖြစ်သည်။

တစ်နှစ်ပြည့်Anni dayမို့ သာမာန်ရက်တွေလိုဂျီဆူးကျော်မသွားချင်သည့်အတွက် မောင့်အားsurpriseလုပ်ကာ လာတွေ့ဖြစ်ခဲ့သည်။

မောင့်ကျောင်းရှေ့ရောက်သည်တွင် မောင့်ထံဖုန်းခေါ်လိုက်၏။

''မောင်

''ဗျာ

''မောင့်ဖို့ပစ္စည်းပို့ထားသေးတယ် အခုရောက်ပြီပြောတယ် မောင်ထွက်ယူလိုက်ပါအုံး

''တစ်ကယ်လား

''တစ်ကယ်ပေါ့မောင်ရဲ့ သွားယူလိုက်အုံးနော် ကျောင်းရှေ့ရောက်နေပြီပြောတယ်

ချယ်ဝမ်းသာလွန်းစွာဖြင့် ပြေးထွက်လာခဲ့၏။ ဒီနေ့တစ်နှစ်ပြည့်ဆိုတာကို သူမသတိရသည်ပဲ။ သူမလေး မှတ်မိမမှတ်မိကိုသိချင်လို့တောင် ဒီရက်တွေထဲဘာမှအစမဖော်ပဲနေနေခဲ့၏။ ဒါကိုတောင်မှတ်မိပေးတော့ ပျော်လိုက်တာများ။

ပြေးထွက်လာသောခြေလှမ်းတွေက ကျောင်းရှေ့တွင်ကျောပေးထားသည့်နောက်ကျောပြင်လေးကိုအတွေ့မှာတုံ့ဆိုင်းသွားခဲ့ရ၏။

ချစ်ရသည့်အမျိုးသမီးလေးများလား။ ဖြစ်တော့မဖြစ်နိုင်လောက်ပါ။ သို့ပေမယ့် ပါဆယ်ပို့သမားကိုလည်းအရိပ်အယောင်မျှပင်မတွေ့ရ၍ သေချာအတည်ပြုဖို့အနီးသို့ရောက်အောင်အမြန်ပင် ဆက်ပြေးသွားလိုက်၏။

''ကလေး

ဝမ်းသာအားရခေါ်လိုက်ချိန်တွင် လှည့်လာသောအမျိုးသမီးဟာ ချယ်ချစ်ရသည့်မိန်းကလေးအမှန်ပင်ဖြစ်၍နေလေ၏။

''ပိုးသားလို...အချစ်''(completed)Where stories live. Discover now