Ep(5)

224 35 7
                                    

ဒီနေ့ချယ်ကျောင်းသွားမည့်နေ့ဖြစ်သည်။

''အကုန်စုံတာသေချာလားချယ်

''သေချာပါပြီမမရဲ့ ချယ်အကုန်ထည့်ပြီးနေပြီ

''ဟုတ်လို့လား တစ်ခါပြန်စစ်လိုက်ပါအူံး

''စစ်ပြီးပြီလို့မမရ မေမေစစ်ခိုင်းထားပြီးပြီ

''အင်းအင်း ပြီးတာပဲ

''တစ်ကယ်ပါပဲ ချယ့်ထက်အသက်နှစ်နှစ်ကြီးလို့ပဲ လေးငါးနှစ်သာကြီးလို့ကတော့..

''ဘာဖြစ်မလဲ ဆက်ပြောလေ

''မပြောဘူး သွားမယ်

စာရွက်စာတမ်းများထည့်ထားသောအိတ်ကိုယူကာ ချယ်ထွက်ခဲ့၏။

''ပိုက်ဆံအိတ်ကျန်ခဲ့ပြီ

နောက်မှအော်နေသောမမကို လစ်လျူရှု၍ဆက်သာထွက်လာခဲ့၏။ အသင့်စောင့်နေသော ကားပေါ်တက်ကာမမအလာကိုစောင့်နေလိုက်၏။

''ပြောနေတဲ့ဟာကို လူကိုမစောင့်ဘူး

မကျေနပ်တဲ့မျက်နှာနဲ့ပြောသောမမကိုကြည့်၍ ချယ်ရယ်မိ၏။ မမကချယ့်ထက်ပင် ကျောင်းအပ်ရမည်ကိုစိတ်လှုပ်ရှားနေဟန်ပင်။

''ကျောင်းကဇာတ်ကားတွေထဲကလိုအကျယ်ကြီးနဲ့အကြီးကြီးပဲ ဖြစ်လောက်မယ်နော်

''ဟုတ် ကျယ်တယ်လေမမရဲ့

''လမ်းလျှောက်ရညောင်းနေတော့မှာပဲ

မမ၏စကားကြောင့် ရယ်မိ၏။ တွေးတတ်လိုက်ပုံများ။

''ကျောင်းအပ်ပြီးရင် ဘယ်သွားရင်ကောင်းမလဲပဲ ချယ်နေရာရှာကြည့်လိုက်အုံးမယ်

''ဘယ်သွားလို့ရမယ်ထင်နေတာလဲနော် အန်တီကမှာလိုက်တယ် ဘယ်မှလျှောက်မသွားခိုင်းပါနဲ့တဲ့

ဖုန်းဖွင့်နေသောချယ် မမ၏မျက်နှာကိုမော့ကြည့်မိ၏။

''မှာလိုက်တယ်လား ဘယ်တုန်းကများမှာလိုက်တာလဲ

''ချယ်toiletသွားတုန်းက

''မေမေတို့ကတော့လုပ်ပြီ ဒါမယ့်ရပါတယ်လေ မမသာပြန်မပြောရင်သိစရာမှမရှိတာ

''ရမယ်ထင်နေတာလား

မမက ကားရှေ့ခန်းကိုမျက်ခုံးပင့်ကာပြ၏။

''ပိုးသားလို...အချစ်''(completed)Wo Geschichten leben. Entdecke jetzt