Ep(21)

211 30 6
                                    

''အဲ့ဒါငါ့သူငယ်ချင်းတစ်ယောက်ပါ သူကနင့်ကိုကြိုက်နေတာ နင်ခွင့်မပြုပဲပုံတွေပို့ပေးလိုက်မိတယ် ငါတောင်းပန်ပါတယ်နော်

ဂျီဆူးယုံလောက်မည့်အကြောင်းအရာကိုဖန်တီး၍အိုင်းရင်းပြောလိုက်၏။

''ဟုတ်လား အဲ့လူကဘယ်သူလဲဆိုတာပြလေ

အိုင်းရင်းကသူ့ဖုန်းထဲမှ ယောက်ျားလေးတစ်ယောက်၏ပုံကိုထုတ်ပြလာ၏။ ဒီလူမဟုတ်ဘူးလို့ စိတ်ကထင်၏။ ကျမကိုကပဲ မှတ်ယူချင်နေတာကြောင့်လားတော့မသိ တစ်ဖက်လူဟာမောင်ဖြစ်နေဖို့ မျှော်လင့်မိ၏။

''ဟင့်အင်း ငါ့ကိုထပ်မလိမ်နဲ့ မောင်မလား သူမလားလို့ နင်ငါ့ကိုထပ်ပြီးမညာနဲ့တော့ဟာ

''ငါအမှန်တိုင်းပြောနေတာပဲလေဟာ

''မဟုတ်ဘူး ငါမယုံဘူး နင်ညာနေတယ်ဆိုတာငါသိတယ် ပြောလို့..ဘာတွေလဲဆိုတာငါ့ကိုအမှန်တိုင်းပြောစမ်းဟာ

အသဲအသန်မေးနေသောဂျီဆူးကြောင့် အိုင်းရင်းစိတ်ရှုပ်လာကာ ထအော်လိုက်၍

''အားးး ပြောပြမယ် ပြောပြမယ် ငါအမှန်တိုင်းပြောပြမယ်ဟုတ်ပြီလား

.
.
.
.
.
''ဒေါက် ဒေါက်

ဆေးရုံခန်းတံခါးကို ကျမခေါက်လိုက်၏။ ခဏအကြာ မိန်းကလေးတစ်ယောက်ကလာဖွင့်ပေးပါသည်။

''ဘယ်သူလာတာလဲ

နားထဲတွင်ကြားလိုက်ရသည့်မောင့်အသံကြောင့် ကျမတစ်ကိုယ်လုံးဒေါသကြောင့် တုန်ယင်လာ၏။ မောင်ဘာကြောင့်ဒီလောက်ထိနေနိုင်ရတာလဲ။ ဒီလတွေအကြာကြီး မောင်ဘာလို့များမတွေ့ပဲနေနိုင်ရတာလဲ။

မောင့်အားရန်တွေ့ရန် ကျမအခန်းထဲသို့ဇွတ်ဝင်လိုက်၏။ ကျောပေးထားသည့်မောင့်အား တွေ့ရပါသည်။

''မောင် ရှင်ဒါဘာလုပ်တာလဲ

စူးခနဲထွက်သွားတဲ့ကျမအသံအဆုံး မောင့်ခန္ဓာကိုယ်ဟာချာခနဲလှည့်လာ၏။မောင့်မျက်ဝန်းတွေမှာ အံ့သြမှုတွေဟာအတိုင်းသားနဲ့။

''ရှင်ဘာလို့ဒီလောက်တောင်နေနိုင်ရတာလဲ ရှင်သေသွားပြီဆိုတာကိုယုံပြီးကျမဘယ်လောက်တောင်...

''ပိုးသားလို...အချစ်''(completed)जहाँ कहानियाँ रहती हैं। अभी खोजें