Ep(3)

246 42 6
                                    

သုံးနာရီထိုးခါနီးမှ ပိုကြမ်းလာသောမိုးကြောင့် ဂျီဆူး၏မျက်နှာလေးသည်ရှုံ့မဲ့၍နေလေ၏။ ဒီလိုပုံအတိုင်းဆို ချယ်ယောင်းတစ်ယောက် ရောက်ရောရောက်လာပါ့မလား။

အခုတလောမိုးတွေကလည်းရွာလိုက်တာ။နေ့တိုင်းလိုလိုပါပဲ။ အခုကတော့ အတော်လေးကိုသဲသဲမဲမဲရွာချနေလေရဲ့။

သုံးနာရီကိုကျော်လာလေတော့ မလာတော့ဘူးဟုသတ်မှတ်လိုက်မိ၏။ အဘယ့်ကြောင့်ဆိုသော် တစ်ရက်မှချယ်ယောင်းသည် သုံးနာရီကျော်ကာရောက်လာဖူးခြင်းမျိုးမရှိ။စော၍သာရောက်လာခဲ့သည်ချည်း။

ခဏအကြာ ခပ်သဲ့သဲ့ကြားနေရသောအသံများကြောင့် ဂျီဆူးထွက်ကြည့်လိုက်တော့ မိုးရေတွေစိုပြီးရောက်လာတဲ့ချယ်ယောင်းကိုတွေ့လိုက်ရ၏။

''စိုရွှဲလာပါလား ဖျားနေအုံးမယ်ချယ်ရယ် ဘာလို့လာနေသေးတာလား

''စောင့် ..စောင့်နေမှာစိုးလို့ အမလေး ဟပ် ဟပ်ချိုး

''အာ နှာတွေပါချေနေပြီ လာလာ အခန်းထဲအမြန်ဝင်လိုက်နော်

ချယ့်လက်ထဲကထီးကိုဂျီဆူးယူကာ တံခါးထောင့်စွန်းလေးမှာ ထောင်လိုက်၏။

စိုရွှဲနေသောအဝတ်တို့ဖြင့် ချယ်အမြန်လိုက်ဝင်လိုက်၏။ချယ့်ကိုယ်မှရေတို့က ကြမ်းပြင်ပေါ်တောင် ကျကျနေခဲ့သည်။

မမက အလျင်စလိုချယ့်အတွက်အဝတ်တွေရှာဖွေနေ၏။

''ဒါလေးအမြန်လဲလိုက်နော်

ပေးသောအဝတ်တွေကိုယူပြီး မိမိအားကြည့်နေသောချယ်ယောင်း

''ဘာဖြစ်လို့လဲ

''ဟို အပြင်ထွက်ပေးအုံးလေ

''အော် ဟုတ်သား sorry နော် sorry

အားနာစကားဆို၍ဂျီဆူးအမြန်ပဲထွက်လာခဲ့လိုက်၏။

မိုးမိလာသောချယ့်ကို အနွေးဓာတ်ရစေဖို့ဘာလုပ်ပေးရကောင်းမလဲဟု ဂျီဆူးစဥ်းစားရ၏။ ယနေ့တွင်မှ မေမေကလည်းအဖေဖြစ်သူနှင့်အတူ ဦးလေးတို့အိမ်သွားလည်၏။

ကော်ဖီတစ်ခွက်အမြန်ဖျော်ပြီး အကိုက်အခဲပျောက်ဆေးတစ်လုံးပါယူ၍ ပြန်လာခဲ့၏။

''ပိုးသားလို...အချစ်''(completed)Unde poveștirile trăiesc. Descoperă acum