''မောင်
ချယ့်အကျီကော်လံကိုလက်ဖြင့်ပွတ်ချေနေရင်း မမကအလွမ်းဓာတ်ပါနေသောအသံဖြင့်ခေါ်လာ၏။
''ဗျာ
''ဘယ်လိုလုပ်မလဲ... မသွားရသေးခင်ထဲကလွမ်းနေရပြီ
ချယ်လေပူတွေကိုမှုတ်ထုတ်လိုက်၏။ ဒီညတစ်ညသာချစ်ရသူနှင့်အတူရှိနိုင်တော့မည်ဟူသောစိတ်က ပူလောင်စေ၏။
''မောင်ဖုန်းမှန်မှန်ဆက်မယ်လေ ပြီးတော့တတ်နိုင်သလောက်ပြန်လာမယ်လေနော်
''ဟုတ်
''မောင့်ကလေးကဝမ်းနည်းပြနေတော့ စိတ်ထဲပိုနေလို့မကောင်းဘူးအချစ်ရယ်
ချယ့်လက်မောင်ပေါ်လှဲနေသည့်ကောင်မလေး၏ခေါင်းလေးကိုပွတ်သပ်ရင်း ဆိုမိ၏။
''မနက်ကျ မောင့်ကိုလိုက်ပို့လို့မရဘူးလားဟင်
''လိုက်မပို့ပါနဲ့မောင့်ကလေးရဲ့ မောင်ကားပေါ်ကမဆင်းနိုင်ဖြစ်နေလိမ့်မယ်
သူမရဲ့စာမေးပွဲသည်နှစ်လကျော်သာလိုတော့သည်ကတစ်ကြောင်း၊သူမသာလိုက်ပို့လျှင် ပို၍ခက်ခဲမည့်မိမိအဖြစ်ကိုမြင်ယောင်မိသည်ကတစ်ကြောင်းကြောင့် သူမလေးအားလိုက်မပို့ဖို့တားမြစ်ခဲ့ခြင်းဖြစ်သည်။
''မောင့်ကိုမခွဲနိုင်ဘူး
အဲ့စကားကိုထုတ်ပြောလာတော့ ချယ့်ရင်ထဲစို့ခနဲ့ဖြစ်သွားရ၏။ ထိုခံစားချက်နှင့်အတူ မျက်ရည်တွေကဝဲတက်လာလေပြီ။
လက်မောင်းပေါ်ရှိသူမရဲ့ခေါင်းလေးသည် တိုးလာကာ ချယ့်ရင်ဘတ်ပေါ်ရောက်လာ၏။ သူမရဲ့ကျောလေးကို အသာအယာပွတ်သပ်ပေးနေလိုက်သည်။
''စာသေချာလုပ်ရမယ်နော်မောင့်ကလေး မောင့်ကိုချည်းလွမ်းနေလို့မဖြစ်ဘူးနော် မောင်ကအကူညီပေးနိုင်တဲ့သူပဲဖြစ်ချင်တာ မောင့်ကြောင့်နဲ့ထိခိုက်တာမျိုးမဖြစ်စေချင်တာကိုသိတယ်မလား
''ဟုတ်သိပါတယ်မောင်ရယ် မောင့်ကိုလွမ်းလည်းလွမ်းပြီး စာလည်းလုပ်မယ်လေနော်
''အွန်း မောင့်ကလေးကလိမ္မာပါတယ်
သူမရဲ့နဖူးပြင်လေးအား ကိုယ်ကိုကြွ၍နမ်းလိုက်၏။
YOU ARE READING
''ပိုးသားလို...အချစ်''(completed)
Fanfictionချယ်နဲ့ ဂျီဆူးတို့ရဲ့ နူးညံ့ပြီးတောက်ပတဲ့ချစ်ခြင်းတရား