Ep(20)

176 31 6
                                    

ချယ့်အကိုလိုက်ပို့သောအုတ်ဂူလေးရှေ့ ဂျီဆူးမလှုပ်မယှက်ရပ်နေမိ၏။ တစ်ကယ်ပဲကိုး

ထင်ရှားစွာရေးထားသောမောင့်နာမည်စာသားအား လက်ဖြင့်တို့ထိကြည့်ရင်း ထိန်းမရနိုင်သောမျက်ရည်တို့သည်တစ်ပေါက်ပေါက်စီးကျ၍လာလေ၏။

ပြုံးပြနေသောဓာတ်ပုံထဲမှမောင့်အားထွေးဖက်ခွင့်ရချင်မိပါ၏။ ဘာလို့များထွက်သွားခဲ့ရသလဲမောင်။ ကျမကို ဘဝတစ်ခုလုံးစိတ်ချစွာနဲ့ဘယ်လိုများ ထားရစ်ခဲ့နိုင်ရတာလဲ။

သေးသေးလေးကအစ ထိခိုက်မှာစိတ်ပူတတ်တဲ့မောင်က အခုကျမကိုစိတ်ချလက်ချတစ်ယောက်ထဲ ထားရစ်ခဲ့နိုင်သလား။

အဘယ်အရပ်ကနေ ကျမကိုကြည့်နေသလဲမောင်။ ရှင်ကျန်ရင်းငရဲကျနေတဲ့ကျမကို တစ်ခါထဲခေါ်သွားခဲ့ပါရော့လား။

ဒီလူဟာဒီကမ္ဘာမှာရှင်သန်လိုစိတ်မရှိတော့တာတောင် သေမင်းဟာကျမကိုခေါ်ယူဖို့အလှည့်မကျသေးဟန်ပင်။အခြားသောလူကောင်းများကို လိုက်လံခေါ်ယူနေမည့်အစား မောင့်အားသေစေခဲ့သောကျမကိုသာ ခေါ်ယူသွားပါလားအသင်သေမင်း..။

ဒီဘဝမှာပေါင်းဖက်ခွင့်မရခဲ့တဲ့ကျမတို့ကို နောင်ဘဝတွင်တွေ့ဆုံခွင့်ပေးပါတော့။

ရှင်သန်လိုစိတ်မရှိတော့ပြီ။ မောင်မရှိတော့သောဤကမ္ဘာတွင်ကျမ မနေလိုတော့ပြီ။ ရှိနေသေးသောအားအင်ယဲ့ယဲ့ကို လွှတ်ချလိုက်ပြီမို့ကျမခန္ဓာကိုယ်သည် ခွေညွတ်၍ကျသွားခဲ့ရှာလေပြီ။
.
.
.
.
.
''သမီးလုပ်လက်စဒီအထည်လေးပြီးရင် နားလိုက်အုံးနော်

ကျမပြန်မဖြေပါ။ချုပ်လက်စအထည်ကိုသာ ဆက်လက်၍ချုပ်နေလိုက်သည်။ သူ့အားသတိမရစေရန် အားလပ်နေတာမျိုးမဖြစ်ရအောင် အလုပ်ကိုသာကျမ ဖိလုပ်နေမိသည်။

အိမ်ရှေ့တွင်စကားပြောသံအချို့ကို ကြားရပြီးနောက် ကျမအခန်းတံခါးအားလာခေါက်သံကြားရ၏။

''ဝင်ခဲ့လေ

မိမိအခန်းတံခါးကိုလာခေါက်မည့်သူဆိုလို့ အိုင်းရင်းမှတပါး အခြားသူမရှိ၍အခုလာသူမှာသူမဖြစ်ကြောင်းကို အတပ်သိ၏။

''ပိုးသားလို...အချစ်''(completed)Where stories live. Discover now